LSIS 14

1.4K 16 0
                                    

စန္ဒီကျော်စွာ မကြာခင် စေ့စပ်မည်ဆိုသော သတင်းက အပေါင်းအသင်းများကြားထဲတွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားပါသည်။
ရှန်တီ့ ပရိတ်သတ်တွေကြားထဲမှာပါ ရေပန်းစားနေပြီး လက်ထပ်မည့်သူက ဘယ်သူလဲဟူသော မေးခွန်းများက မီဒီယာများကြားတွင် စိတ်ဝင်စားလျက်ရှိကြသည်။

ဒီနေ့ညသည် အစ်ကို့ မိသားစုက ရှန်တီတို့နေအိမ်တွင် ညစာ လာစားကြမည်ဖြစ်သည်။

"ရှန်တီ..နင်အရမ်းလှနေတာပဲ."
ဂရေ့စ်က ရှန်တီ့ကို ကြည့်ပြီးပြောသည်။

"တကယ်တမ်း ကြိုက်တာက ငါနဲ့ ပတ်ထရစ်..ဟော အရင်ဆုံး လင်ရမှာက နင်ဖြစ်နေတော့ ငါ အစ အံ့ဩသွားတာဟေး"

ဂရေ့စ်အပြောကြောင့် ရှန်တီက ဟက်ဟက်ပတ်ပတ်ရယ်လိုက်မိသည်။

"နင်တို့ ဘယ်ကနေ ဘယ်လို ယူမယ့်အထိ ဖြစ်သွားတာလဲ"

"ဟဲ့..နင်တို့ ဗိုက်ကြီးလို့ ချက်ချင်းကြီး ယူကြတာတော့မဟုတ်ပါဘူးနော်"
ပုလဲ၏ အမေးကြောင့် ဂရေ့စ်ရော ကြော့ ပါ မျက်လုံးအပြူးသားဖြင့် ရှန်တီ့အားစိုက်ကြည့်လာကြသည်။
"ဟယ်..နင်တို့ကလည်း အဲ့အဆင့်ထိကို မရောက်သေးဘူး"

"အဲ့တာဆို ဘယ်အဆင့်ထိရောက်ပြီလဲ"

"ဘယ်အထိမှ မရောက်သေးဘူး ။နမ်းတောင် မနမ်းဘူးသေးဘူး နင်တို့ကလည်း စပ်စုကြတာ လွန်ပါရော"

"အံ့ပါရဲ့ဟယ် ဂရေ့စ်လောက်တောင် ခရီးမရောက်သေးတဲ့နင်က ယောက်ျားရတော့မှာကို သုံးဆယ်လောက်ထိနေပါဦးလား"
ကြော့က ခေါင်းတရမ်းရမ်းနဲ့ပြောသည်။

"မနေပါဘူး ယောက်ျားလုပ်စာပဲထိုင်စားတော့မလို့"
စကားအဆုံးတွင် ရှန်တီ့ကို ခပ်တိုးတိုးဆဲကြရင်း ရယ်ကြသည်။
အိမ်ထောင်ပြုတော့မည့်ရှန်တီ့ကို သူငယ်ချင်းများက အစစ အရာရာ လိုလေသေးမရှိအောင် ဘေးမှဖြည့်ဆည်းပေးသောကြောင့်လည်း စိတ်ပျော်ရွှင်ရပါသည်။

"ဟဲ့ ကားသံကြားတယ် လာကြပြီနဲ့တူတယ်..ကြော့ ..ထကြည့်ပါဦး"

"အေး ဟုတ်တယ် ကိုဂုဏ်ရှိန်တို့ပဲ..ရှန်တီ သွား အောက်ဆင်းတော့ သွားကြိုချည် နင့်ခင်ပွန်းလောင်းကို"

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now