Love starts in summer 11

1.2K 10 0
                                    

"ဒါဆို ညည်း သူ နဲ့ တွေ့နေကြပြီပေါ့"

"တမင်တွေ့ကြတာတော့ မဟုတ်ပါဘူး မေမေရယ်..ရှန်တီနဲ့ သမာရိုးကျတွေ့ကြတာ"

"ဘယ်လို သမားရိုကျလဲ"

"ဪ..ဒီတိုင်း မချိန်းပဲနဲ့ တွေ့ကြတာ ..ဟိုတခါ ဂေါ့ဖ်ရိုက်တော့လည်း တွေ့ခဲ့တယ်...တိုက်တိုက်ဆိုင်ဆိုင် ဆုံမိကြတာပါ"

"ကြည့်လည်း လုပ်ပါဦးအေ...မနွယ်ကတော့ သူ့သားအကြောင်း အမွှန်းတင်ပြောနေတော့တာပဲ ..ငါတော့ ညည်းနဲ့ ပေးစားရတော့မယ်နဲ့တူပါတယ်"

ခြံထဲတွင် ပွင့်နေသော စံပယ်ပန်းကလေးများကို မေမေနဲ့ရှန်တီ နှစ်ဦးသား တူတူ ခူးနေကြသည်။

ရှန်တီသည် မေမေ့စကားကြောင့် ပြုံးမိသည်။
အကယ်၍ ထိုလူနဲ့ လက်ထပ်ရမည်ဆိုလျှင်လည်း ရှန်တီ နှစ်ခါမပြောစေရဘဲ လက်ခံမည့်သူဖြစ်သည်။အစ်ကို့ရဲ့ ပြုမူလှုပ်ရှားမှုတိုင်းကို နှစ်လနေမှ တစ်ကြိမ်ခန့်သာ တွေ့ရသော်လည်း ထိုအရာများကို စွဲလမ်းနေမိသည်။

"မနွယ်ကတော့လေ တစ်ရက်ပြီး တစ်ရက်ကို ဆိုင်ကိုလာလိုက် ရုံးကိုလာလိုက် လုပ်နေတော့တာပဲ..ညည်းကို မျက်စိတော်တော်ကျနေပြီထင်တယ်"

"သမီးကို အစ်ကိုနဲ့ လက်ထပ်စေချင်နေတာလား မေမေ"

မေမေတစ်မျိုးထင်စေမည့် မေးခွန်းဖြစ်သည်။မတတ်နိုင်ပါ ရှန်တီ သူ့ကို အတော်ပင် စွဲလမ်းနေပြီဖြစ်သည်။အစ်ကို့ကို တွေ့တိုင်း လှုပ်ရှားလာသော နှလုံးသားလေးသည် အစ်ကို့ကို ခတ်နေပါပြီ ဟု ဝန်ခံနေပါပြီ။

"သမီးကတော့ ငယ်တဲ့အရွယ်တော့ မဟုတ်တော့ပါဘူး၊ဒါပေမယ့် မယူစေချင်သေးဘူး"

"အစ်ကို့ကိုရော မြင်ဘူးလား"

"တစ်ခါ ကျောက်စီပန်းချီအတွက် လာအပ်တုန်းကတော့ မြင်ဖူးတယ်၊ပုံထဲမှာတော့ မဆိုးပါဘူး ကြည့်ပျော်ရှုပျော်ပေါ့..နေပါဦး သမီးက သဘောကျလို့လား"

အိမ်ထောင်မကျစေချင်သော မေမေ့ အမေးသည် ရှန်တီ့ကို အခက်တွေ့စေပါသည်။သဘောကျတယ် လို့ဖြေလိုက်လျှင် လက်ထပ်ချင်နေပြီ ဟုထင်သွားနိုင်သည်။သဘောမကျဘူး ဟူ၍လည်း မပြောချင်ပါ။ရှန်တီ အစ်ကို့ကို သဘောကျပါသည်။နေ့တိုင်း အစ်ကိုနဲ့ ရုတ်တရက်တွေ့စေရန် တစ်မျိုးပြီး တစ်မျိုး စဉ်းစားရသည်မှာ ခေါင်းခြောက်လှ၏။

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now