Love starts in summer 12

1.3K 11 2
                                    

"အစ်ကို"

"အင်း"

"ရှန်တီ့ကို ဘာလို့ ရွေးလဲဟင်"

"ဘာကိုလဲ"

ဒီလိုပါပဲ..ရှန်တီ တစ်ခုမေးတိုင်း ဘာကိုလဲ ဘာလို့လဲ အမြဲပြန်မေးတတ်သည်။အစ်ကိုဟာရှန်တီ့မေးခွန်းတိုင်းတွင် အကြောင်းပြချက်တစ်ခုခုကို အမြဲရှာနေတတ်သည်။

"အန်တီစီစဉ်ပေးတဲ့ မိန်းကလေးတွေထဲမှာမှ ဘာလို့ ရှန်တီ့ကို ရွေးလဲလို့"

သူ ရှန်တီ့ကို ခေါင်းအစ ခြေအဆုံးတစ်ချက်ကြည့်လိုက်ပြီးမှ

"ကိုယ်တွေ့တဲ့ မိန်းကလေးတွေထဲမှာ မင်းတစ်ယောက်ပဲ all dior ဝတ်လာလို့..ဘာလက်ဝတ်ရတနာမှ မပါဘူးလေ"

ရှန်တီ မှတ်မိပါပြီ။ခန္ဓာကိုယ်တွင် နားကပ်နဲ့ နာရီတစ်လုံးသာ လက်ဝတ်ရတနာအနေနဲ့ ဝတ်ဆင်ခဲ့သော ထိုနေ့က အစ်ကိုနဲ့ ဒုတိယအကြိမ်တွေ့ခဲ့ရခြင်းဖြစ်သည်။

ခပ်စစ ပြုံးလျက် ရှန်တီ အစ်ကို့ကို နောက်ထပ် မေးခွန်း မေးပြန်သည်။

"ရှန်တီ လှလို့မဟုတ်ဘူးပေါ့"

"အင်း"

"ဟာ..အစ်ကိုကလည်း..အစ်ကိုမကောင်းဘူး"

"ဘာလို့လဲ"

တွေ့လား အစ်ကိုက ဘာလို့လဲဆိုတာကို မေးရနှစ်သက်သူဖြစ်သည်။

"ရှန်တီက လှလို့ အစ်ကိုက ကြိုက်လို့ ထင်တာပေါ့"

ထိုမှ သူသည် သွားကလေးများပေါ်သည်အထိ ပြုံးရယ်လာသည်။

"ရှန်တီလှသလို ကျန်တဲ့ ကောင်မလေးတွေလည်း လှတာပဲ ရှန်တီရဲ့.."

"အာ..ကြည့် အစ်ကို.ဘာမှန်းမသိဘူး"

ရှန်တီ စိတ်ကောက်ချင်ပါသည်။အစ်ကို့မျက်လုံးထဲတွင် ရှန်တီသာ အလှဆုံးဖြစ်စေချင်သည်။

"ဒါပေမဲ့ ကျန်တာတွေက တအားကြွားတာပဲ၊ရှန်တီ့လို fashion အမြင် မရှိလို့လည်း ပါမှာပေါ့"

"တော်ပါ"

"သူတို့ကို ကြည့်ရတာ ရှုပ်ယှက်ခက်နေတာပဲ ရှန်တီကတော့ ခပ်ပါးပါးလေးပဲလေ..မျက်စိရှင်းတာပေါ့"

"ဒါဆို အစ်ကိုက ရှန်တီ့ကို မျက်စိရှင်းလို့ ရွေးတာပေါ့"

"အင်း"

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now