Love starts in summer 9

1.2K 13 0
                                    

Tennis ပွဲ၏ အရှုံး အနိုင် ပေါ်တော့ အားလုံး အသီးသီး အမောဖြေကြသည်။ရှန်တီ နဲ့ ဂရေ့စ်သည် မောဟိုက်မှုကြောင့် ထိုင်ခုံတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
ပတ်ထရစ်ကတော့ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချကာ ရေအဝ သောက်နေသည်။
ဂုဏ်ရှိန်မှာမူ မတ်တပ်ရပ်၍ ဘယ်ဘက်လက်က ခါးထောက်လျက်ရှိကာ ကျန်လက်ဖြင့်ရေမော့သောက်နေ၏။

"သောက်သုံးမကျတဲ့အကောင်"
ပတ်ထရစ်ကို အနောက်မှ ဇာတ်ပိုးအုပ်လိုက်သူသည် မင်းသက်ညီ ဖြစ်သည်။

"ဟာ..အသက်ကြီးပြီကွ အမောမခံနိုင်တော့ဘူး"
ပတ်ထရစ်ပြောသောကြောင့် အားလုံးက ရယ်ကြသည်။
အတော် အသင့် အနားယူပြီးသည့်နောက်တွင်
ပတ်ထရစ်က စ၍ စကားပြောသည်။

"ဆယ်နာရီ ခွဲပြီဆိုတော့ breakfast စားကြမယ်လေ..ဂရေ့စ် အဆင်ပြေရဲ့လား"

"ပြေတယ် ကိုပြည့်"

ရှန်တီသည် မင်းသက်ညီတို့နဲ့ စကားအုပ်စုကြနေကြသည်။စကားပြောနေရင်း ဂုဏ်ရှိန့်ကို လှမ်းကြည့်တော့ Tennis ဘောလုံးလေးများကို ဘူးအတွင်းသို့ ထည့်သိမ်းနေသည်။
ခပ်စိမ်းစိမ်းဖြစ်နေသော ဂုဏ်ရှိန်နှင့် ရှန်တီသည် ဦးစွာ သိခဲ့ပြီးဖြစ်သော်လည်း ယခု သူ့ သူငယ်ချင်းများနဲ့ ရှန်တီသည် ပိုရင်းနှီးနေရသည်။

"ရှန်တီက အရပ်တော်တော်ရှည်တာပဲနော်..ပုံတွေထဲမှာ မသိသာဘူး"
အဲဒရစ်ကပြောတော့

"အစ်ကိုတို့ကိုတော့ မမှီသေးပါဘူး"

"ရှန်တီက ခု နိုင်ငံခြားမှာ မလုပ်တော့ဘူးလား"

"အင်း ဒီကိုပြန်ရောက်နေတာနဲ့ ဒီမှာပဲနေလိုက်တော့မလို့"
စကားပြောနေရသော်လည်း မျက်လုံးက ဂုဏ်ရှိန် လှုပ်ရှားမှုများ ထံ တစ်ချက်တစ်ချက်ရောက်သွားသည်။

ထိုလူသည် တရင်းတနှိီးမနေတတ်တာလား၊စကားမပြောချင်တာလား ဝေခွဲရခက်နေသည်။ရှန်တီ စကားသွားပြောရန် စိတ်ကူးလိုက်သော်လည်း ခန္ဓာကိုယ်က ထိုင်နေရာမှ ထသွားချင်စိတ်မဖြစ်ပါ။
အားလုံး ကိုယ်စီ ကားရှိရာသို့ သွားကြတော့ ရှန်တီ အနောက်မှဖြည်းဖြည်းချင်း လိုက်ပါလာသည်။
မနက်စာ သွားစားကြရန် စီစဉ်သောအခါ ရှန်တီ ပင်ပန်းနေပြီဖြစ်သောကြောင့် မလိုက်ချင်တော့သဖြင့် ဂရေ့စ်ကို အားနာနာနဲ့ဆိုရပြန်သည်။

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now