Love stats In Summer 7

1.5K 20 0
                                    

"နိုးရယ် ကိုယ်တို့ လက်ထပ်ကြရအောင်ပါနော်"

"..."

"ကိုယ် နိုးကိုရော နိုးမေမေကိုပါ ဘဝကိုပြည့်ပြည့်စုံစုံထားနိုင်ပါတယ်..နိုး ကိုယ့်ကို လက်ထပ်ခွင့်ပြုမလားဟင်"

နိုးသည် မောင့်ကို အရင်တစ်ခေါက် သူ့ဒယ်ဒီနဲ့ အတင်းတွေ့ဖို့ ကိစ္စမှ စိတ်ဆိုးနေခဲ့သည်။စိတ်ဆိုးနေရာမှ ယခုအချိန်တွင် ပြန်လည်တွေ့ခြင်းဖြစ်သည်။
စိတ်ဆိုးနေသည်ဆိုပေမယ့် မောင့်ကို မျှော်ရသည်မှာ ရင်ပူရပါသည်။

"အင်း..."ဟု တစ်လုံးထဲသာ နိုး ပြောလိုက်သည်။သူမကို ကားပေါ် စရောက်ကတည်းက မလွတ်တမ်းကိုင်ထားသော သူ့ညာဘက်လက်ကလေးသည် နွေးထွေးလျက်ရှိသည်။

မောင်သည် ကားမောင်းနေရာမှ နိုး၏ အင်း ဟူသော အသံကြောင့် လမ်းဘေးတစ်နေရာတွင် ကားရပ်ချလိုက်သည်။
မောင့် မျက်နှာသည် ပျော်ရွှင်သွားသယောင်..

"နိုး ...ကိုယ့်ကို လက်ထပ်မယ်မလား"

"မောင့် မိဘတွေနဲ့ နိုးဆီကို လာခဲ့လေ မောင် .လူကြီးစုံရာရှေ့မှာ နိုးကို လာကမ်းလှမ်းပါ"

မဖြစ်နိုင်သောအရာကိုမှ နိုး တောင်းဆိုမိသည်။မောင့်မျက်နှာ ချက်ချင်းဆိုသလို ညှိုးနွမ်းသွားပါသည်။

"အချစ်..ကိုယ်..."
စကားပြောဖို့ကြံရွယ်နေသော မောင့်ကို နိုး သည် သနားညှာတာစွာဖြင့် ကြည့်နေမိသည်လား မသေချာပါ။
မိသားစုက လက်မခံနိုင်သော အမျိုးသမီးငယ်လေးတစ်ယောက်ကို သူ မရမက သူ့ဘဝထဲသို့ အတင်းခေါ်ချင်နေသော မောင်...

"မောင်..မေမေက နိုးကို ဒီလို ပညာတတ်တစ်ယောက်ဖြစ်အောင် သူတတ်နိုင်တဲ့ အရာလေးတွေနဲ့ စုဆောင်းပြီး ထားပေးခဲ့တာ..ဒါဟာ သူနိမ့်ကျတဲ့ အရာကို လုပ်ခဲ့တာမဟုတ်ဘူး သူ့အတွက် အဖြူဆင်ဆုံး ချွေးနဲစာနဲ့ သူကိုယ်တိုင် ယောက်ျားမရှိပဲ သူ့သမီးတစ်ယောက်တည်းကို ပျိုးထောင်ခဲ့တာပါ .."

"ကိုယ် သိတာပေါ့"
သနားစရာ မျက်ဝန်းကလေးများနဲ့ မောင်ပြောလာသည်။

"နိုးက မောင့်ထပ် နိမ့်ကျတယ်လို့ မောင့် မိဘတွေက ယူဆတာ နိုးသိပါတယ် ၊မဖြစ်နိုင်ဘူးမဟုတ်လား မောင်"

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now