ဆေးရုံတွင် နေရသည့်၂၅ ရက်မြောက်တွင် မမ က ဆေးရုံဆင်းဖို့နဲ့ ရန်ကုန်ကို ပြောင်းပြီး အနားယူဖို့ကို ဆရာဝန်တွေနဲ့ ပြောလာခဲ့ပြီ ဟု ဆို၏။
ထိုရက်မှစ၍ နောက်နေ့ ဆေးရုံဆင်းသည့်အချိန်ထိ သူမ ပေါ်မလာခဲ့ပါ။ကျွန်တော် ဆေးရုံက ဆင်းတော့မယ် ဒေါက်တာ ၊ကျေးဇူးတင်ပါတယ် ဟူ၍ ပြောကာ ခင်မင်မည်ဟု အားခဲထားသော်လည်း ရန်ကုန်သို့ ရောက်လာသည်အထိ ထို ဆရာဝန်ကို မတွေ့ခဲ့ရတော့ပါ။
ထို့နောက် (၆)လ လောက်ကြာပြီးမှ မထင်မှတ်ပဲ ရန်ကုန်ရှိ ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်တစ်ခုတွင် သူ့မကို ပြန်တွေ့ခဲ့ရသည်။
အရေးကြီး ညစာစားပွဲတစ်ခုအပြီး မင်းဂုဏ်ရှိန်သည် ဟိုတယ်မှထွက်လာ၏။
ညစာစားပွဲဟုပြောသော်လည်း အမှန်က အလုပ်ကိစ္စအတွက်သာဖြစ်သည်။
ထိုအချိန်တွင် အမှန်မထင် သူ့ဘေးမှဖြတ်သွားမည့် သူကို အဝေးမှ သေသေချာချာ စူးစိုက်ကြည့်မိ၏။"ဒေါက်တာ"
အနက်ရောင် ဒေါက်မြင့်ဖိနပ်များကို အသံမည်ရုံမျှလျှောက်လှမ်းနေသော ခြေလှမ်းများရပ်သွား၏။
သူ့ကို ကျော်ပြီး လျှောက်သွားမှ အဲ့ဒီတုန်းက ဆရာဝန် ဆိုတာ သေချာသွားသည်။
မရေရာသော အတွေးများ လွင့်စင်ကာ ရင်းနှီးသော အပြုံးဖြင့် သူမ အနားသို့ လျှောက်သွား၏။ခပ်စိမ်းစိမ်းအကြည့်များဖြင့် သူ့ကို ကြည့်နေပုံအရ မင်းဂုဏ်ရှိန် ကို မမှတ်တာသေချာသည်။
"ဒေါက်တာ..ကျွန်တော့်ကို မမှတ်မိဘူး ထင်တယ်"
"..."
"ကျွန်တော် မင်းဂုဏ်ရှိန်လေ ဒေါက်တာ .မန္တလေး အက်ဆီးဒန့် တုန်းက တစ်ယောက်"
ထိုသို့ပြောလိုက်မှ ဪ ဟူ၍ မျက်ခုံးများပင့်ကာ ပြန်ပြုံးပြမှ သူမ သတိရသွားပြီးကို သိလိုက်သည်။
"ကိုမင်းဂုဏ်ရှိန် ..ကျွန်မ မှတ်မိပါပြီ"
"အချိန်ရရင် ဒေါက်တာ့ကို ကျွန်တော် ကော်ဖီဖြစ်ဖြစ် တိုက်ချင်လို့"
"အင်း ရတယ်လေ ကျွန်မ reception မှာ ပစ္စည်းလေးတစ်ခု ပေးချင်လို့ ခဏစောင့်ပေးနော်"
YOU ARE READING
ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )
General FictionMarried,Love,Romance ဒီနွေမှ စတင်သောအချစ်သည် နှောင်နွေပေါင်းများစွာသို့ ချစ်ရသူထံသို့ လှမ်းရသော ခြေလှမ်းသည် ဘယ်သူ့ဘက်ကပဲ စလှမ်းလှမ်း အချစ်စစ်ဖြစ်ဖို့ပဲ လိုတယ်မလား