LSIS 24

1.3K 25 1
                                    

ရှန်တီတို့သည် လက်ထပ်ပြီးခါစ ဇနီးမောင်နှံအနေနဲ့ မြန်မာပြည် နေရာအတော်များများတွင် အလှူများပြုလုပ်ပေးခဲ့သည်။လက်ထပ်ပွဲကြီးမကျင်းပခင် အချိန်ထိ ခရီးတွေတောက်လျှောက်သွားရင် ပရဟိတများကို ပြုလုပ်ခဲ့၏။
လက်ထပ်ပြီးစီးသောအခါ အစ်ကို့မိသားစုနေအိမ်ကြီးသို့ပင် ပြောင်းနေရန်စီစဉ်၏။

ကြင်စဦး ဇနီးမောင်နှံ အုပ်ချုပ်တော့မည့် ဒီအိမ်ကြီးကို ခေတ်မှီတိုးတက်သော အပြင်အဆင်များ ပြန်၍ ပြင်ဆင်မွမ်းမံခဲ့၏။ ခမ်းနားမှုကတော့ မပြောင်းလဲပါ။

အစ်ကို့ရဲ့မိဘများက အစ်ကို့ကို လုပ်ငန်းကိစ္စအဝဝကို တာဝန်ယူရန် စီမံပြောကြားလာချိန်တွင် မသီရိနဲ့မင်းဆက်ရှိန်က မကန့်ကွက်ကြပါ။ပိုင်ဆိုင်မှု ကိုယ်စီရှိကြသော မောင်နှများသည် ကြီးလေးသော တာဝန်တို့ကို ခွဲဝေယူရန်လည်း ဝန်မလေးကြသလို တစ်ယောက်နဲ့တစ်ယောက်လည်း စိတ်ဝမ်းမကွဲကြပါ။

....
"အိမ်က ဘယ်လိုပြောပြော အကြီးကြီးပဲ ကိုရယ်..မိသားစုတွေ သိုက်သိုက်ဝန်းဝန်းဆို အရမ်းကို ပျော်စရာကောင်းနေမှာ"

ရှန်တီသည် အိမ်အသစ်သို့ မပြောင်းလာခင် လိုအပ်သည်များကို ဂုဏ်ရှိန်အတူ လာရောက်ကြည့်ရှုနေ၏။
ဂုဏ်ရှိန့်အတွက် မိသားစု သိုက်သိုက်ဝန်းဝန်းဆိုတာထက် နားအေးပါးအေးနဲ့ ချုပ်ကိုင်မှုကင်းတဲ့ အရပ်မှာ နေရတာ ပိုပျော်ဖို့ကောင်းပါသည်။

"ဒါပေမဲ့ ရှန်တီက ကိုနဲ့ နှစ်ယောက်တည်းနေရတာပိုကြိုက်တယ်.."

သူ့လက်မောင်းကို ဖက်တွယ်ကာ ကလေးတစ်ယောက်လို မြူးကြွနေသည့် ရှန်တီသည် သူမစိတ်တိုင်းကျကို ရင်ဖွင့်နေတော့သည်။

"ဘာပဲပြောပြော နှစ်ယောက်တည်း နေရတာ ပိုလွတ်လပ်တာပေါ့ ...ဟုတ်တယ်မလား"

ကိုကို....ကို ဟူသော နာမ်စားတို့သည် ဂုဏ်ရှိန့်အတွက် ကြားနေရတာ မသက်မသာ ဖြစ်ခဲ့ရသော်လည်း ခုတော့ နားယဉ်နေပါပြီ။
လှပသော အမျိုးသမီးငယ်သည် ရဲတင်းသည်။ပွင့်လင်းသည်။ဂုဏ်ရှိန့်အကြိုက်ကို လိုက်လျောပေးနိုင်စွမ်းရှိသည်။

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now