LSIS 19

1.2K 16 0
                                    

"ကိုကို.."

"ဟင်"

" ဟာ့..ကိုကို"

"အင်း..ဘာလဲ ဂရေ့စ်ရဲ့"

"ဟာ့ ကိုကိုလို့ပါဆိုနေ..ကိုကို!"

ဂရေ့စ်သည် ကားမောင်းနေသော ပြည့်စုံအောင်ကို ဘေးမှထိုင်၍ ရစ်နေသည်။
ပြည့်စုံအောင်သည် ဂရေ့စ်အသံအဆုံးတွင် ဘယ်လိုထူးရမလဲ ဆိုတာ ခုမှ သဘောပေါက်သွား၏။

"ဪ..ဗျာ ..."

"တွေ့လား..ကိုကို ဂရေ့စ်ကို မချစ်တော့ဘူးမလား ပြောပြော"

"ချစ်တာပေါ့ကွာ...ဘေဘီကလည်း"

"ဘာချစ်တာလဲ ဘာချစ်တာလဲ ပြောပြော..ဗျာလို့ထူးရမယ့်ဟာကို ဟင် ဟင် နဲ့ ဘာမှန်းလည်းမသိဘူး သွား!"

နှုတ်ခမ်းဆူကာ ငြူဆူနေသော အရှုပ်ထုပ်မလေးပီပီ ဂရေ့စ်သည် စိတ်ကောက်ပါတော့သည်။ပြည့်စုံအောင်သည် ဂရေ့စ် စိတ်ကောက်တာကို ချော့ရန် အသက်ဝဝရှူကာ သက်ပြင်းအရှည်ကြီး အရင်ချလိုက်သည်။

"ဪ ဘေဘီရယ် ကိုကို သတိလက်လွတ်ဖြစ်သွားလို့ပါ..ဘေဘီကို မချစ်တော့တာ မဟုတ်ဘူးလေ"

"တော်..ရှင် အကျင့်တွေပြောင်းနေပြီ"

"ဟုတ်ရပါပူး၊ဘေဘီရာ"

"ဘေးမှာ ဘေဘီထိုင်ပြီးပါလာတာကို ကိုကိုက သတိလက်လွတ်ဖြစ်ရအောင် ဘာတွေ အဲ့လောက်တောင် တွေးနေလို့လဲ ကိုပြည့်စုံအောင် မှန်မှန်ပြော..ညာဖို့ မစဉ်းစားနဲ့နော်၊ညာရင် ကားတံခါး ဖွင့်ပြီး ခုန်ချလိုက်မှာ"

"ဟာ..ဘေဘီ ၊ပေါက်တက်ကရတွေ"

"ဒါဆို စိတ်တွေ ဘယ်ရောက်နေလဲပြော ပြော"

"ဆိတ်တွေ မြက်သွားစားနေတာ ဗိုက်ဆာလို့တဲ့"

ပြည့်စုံအောင်သည် ဂရေ့စ် စိတ်ပြောင်းသွားအောင် တမင် စ၍ ပြောလိုက်သည်။ထိုအခါမှ ဂရေ့စ်က "ဟာ့ ကိုကို"ဆိုပြီး ထပ်၍ စိတ်ကောက်ပြန်သည်။
ခက်ပါရောလား ပြည့်စုံအောင်ရေ ...ချော့ပါဆို ဘာလို့ စလိုက်ပြန်ရတာလဲ
စိတ်ထဲတွင် ကိုယ့်ကိုယ့်ကိုယ် ကျိန်ဆဲရသေးသည်။
နှုတ်ခမ်းဆူကာ စိတ်ကောက်နေသော ဘေးရှိ အလှပရေးရာ ဆရာမလေး ဂရေ့စ်ကိုတော့ ချော့ရန် အဆင်ပြေစေမည့် နည်းလမ်းကိုစဉ်းစားရပြန်သေးသည်။

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now