စနေနေ့ညနေပိုင်းတွင် လုပ်လက်စအလုပ်များအားလုံးကို အပြီး လက်စသက်လိုက်သည်။
နာရိီကို ကြည့်တော့ လေးနာရီခွဲပင် ရှိသေးသဖြင့် အိမ်သို့ပြန်ရန် စောလွန်းသေးသည်။
ဂုဏ်ရှိန်သည် မင်္ဓလာပွဲ နီးလေ ဖိအားများပိုရလေ ဖြစ်နေသည်။
မကြာခင်တွင် သူသည် လ အနည်းငယ်မျှသာ ခင်မင်ရခဲ့သော မိန်းကလေးတစ်ယောက်ကို လက်ထပ်ရတော့မည်။"ဘော့စ်"
ရုံးခန်းအတွင်းသို့ ဝင်လာသူမှာ ဂုဏ်ရှိန်၏ အတွင်းရေးမှူး နိုင်နိုင် ဖြစ်သည်။
"အေး..ပြော"
"အန်တီကြီးဆီက ဖုန်းဝင်လာလို့ပါ။ညနေ အိမ်ကို ဝင်ခဲ့ပါဦးလို့ ပြောပါတယ်"
မာမီစီစဉ်သည့် လက်ထပ်ပွဲသည် ဂုဏ်ရှိန့်အတွက် စိတ်ညစ်ညူးစရာကောင်းလှသည်။
မာမီကတော့ သူ့စိတ်ကြိုက် ချွေးမ ရသလို အရာရာကို သူ့ခြေသူ့လက်ဖြင့် စီစဉ်နေရသည်ကို ဝမ်းသာမဆုံး ဖြစ်နေမလား မသိပါ။"အေး အေး..ဒါဆို ခုသွားမယ် ကားပြင်ထားလိုက်"
✨✨✨✨✨မာမီသည် ဧည့်ခန်းထဲတွက် ရှိမနေပါ။
အိမ်ဖော်ကောင်မလေးက ကြီးကြီး အခန်းထဲမှာ ရှိနေပါတယ် ဆိုသောကြောင့် အပေါ်ထပ်သို့ တက်ခဲ့လိုက်သည်။"ဒေါက် ဒေါက် ဒေါက်.."
"အေး..ဝင်ခဲ့"
အခန်းထဲသို့ ရောက်သောအခါ မာမီက ကုတင်ဘေးရှိ ဆိုဖာတွင် ထိုင်ကာ အေရောင်စုံသောရတနာများကို စိတ်တိုင်းကျ ရွေးချယ်နေသည်။
"ဪ ..သားပဲ..လာ မာမီ့ဘေးကို"
မာမီ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ရောက်လာတာ မြန်သားပဲ"
"ဟုတ်တယ် ကုမ္ပဏီက တခါတည်း တန်းလာလိုက်တာ..ဒါနဲ့ ဘာပြောစရာ ရှိလို့လဲ မာမီ"
မာမီသည် ကြည့်လက်စ ကျောက်များကို ကတ္တီပါ အိတ်ထဲသို့ ပြန်ထည့်ရင်း စကားစပြောသည်။
"စေ့စပ်ပွဲ ကိစ္စပြောချင်လို့"
"အင်း ဘာဖြစ်လို့လဲ"
"မနက်က မင်းအဖွားနဲ့ ဖုန်းပြောဖြစ်တယ်။သိတဲ့အတိုင်း မင်း မိန်းမကို မြင်ချင်တယ်၊သူ့ရှေ့မှာ စေ့စပ်မင်္ဂလာ လုပ်ရမယ်ဆိုပြီး ဂျီကျနေတယ်လေ..အစကတော့ ပေါ့ပေါ့ပါးပါးပဲ စကားပြောနေရင်းနဲ့ မာမီက စိတ်ထဲမထားဘူးပေါ့။ပြီးတဲ့ခါကျမှ အတည်ပေါက်ကြီးတွေ လာရမယ် ငါအရင် နင်တို့ဆီ လာရမှာလား။အလေးမထားတာ ဘာညာတွေ ဖြစ်ကုန်ရော သားရေ"
YOU ARE READING
ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )
General FictionMarried,Love,Romance ဒီနွေမှ စတင်သောအချစ်သည် နှောင်နွေပေါင်းများစွာသို့ ချစ်ရသူထံသို့ လှမ်းရသော ခြေလှမ်းသည် ဘယ်သူ့ဘက်ကပဲ စလှမ်းလှမ်း အချစ်စစ်ဖြစ်ဖို့ပဲ လိုတယ်မလား