"ကျွန်တော့်ကို ဘာလို့ အစုတ်ပလုတ်ဆေးရုံမှာ ထားထားရတာလဲ"
ကုတင်ပေါ်တွင် ပတ်တီးများစွာဖြင့်
ချည်နှောင်ထားခံရသော မင်းဂုဏ်ရှိန်သည် စိတ်ညစ်ညူးစွာပြောလာသည်။"ဟဲ့ နင့် အခြေအနေလည်းပြန်ကြည့်ဦး မသေရုံတမယ် ဒီကိုရောက်လာတာ၊အစိုးရဆေးရုံပဲ နင့်ကို လက်ခံရဲမှာပေါ့"
"အဲ့တာဆိုလည်း ခု ကောင်းတဲ့ဆေးရုံကို ရွှေ့ပေး.ခုကောင်းနေပြီ မသေတော့ဘူး"
လက်ဝတ်တန်ဆာဆိုလို့ နားကပ်တစ်ခုတည်းသာ ဝတ်ထားသော သီရိရှိန် သည် အဆင့်မြင့်မားနေလျက်ရှိသည်။ကုတင်ပေါ်တွင် မသက်မသာရှိလှသော သူ့မောင်၏ အဖြစ်ကို ကြည့်ပြီး
"ငါလည်း ဒီဘက်မှာပြောထားတယ် .နင့်ခုလိုပုံစံနဲ့ ဆေးရုံအပြောင်းအရွှေ့က သက်သာမှာမဟုတ်ဘူး ကျောရိုးကအက်၊ပေါင်ရိုးကျိုးနေတာနဲ့တင် နင် ခုတောင် လှုပ်လို့ရလို့လား ဂုဏ်ရှိန်"
ဟုတ်သည်။အခုတောင် သူ စကားကို တော်တော်ပြောယူနေရသည်။ကံကောင်းသည်က မေးရိုး နဲ့ ဦးခေါင်း မထိသွားလို့သာ သက်သာ၏။
"နင့်ကိစ္စကို ကြားကြားချင်း ငါ ပြင်ဦးလွင်ကနေ ချက်ချင်းဆင်းလာရတာ။ငါ့ဖြင့် ပူထူသွားတာပဲ နင့်သူငယ်ချင်းတွေက မာမီတို့ကို ဖုန်းမဆက်ရဲဘူးလေ။သိရင်လည်း အကုန်လုံးကို ဟိုက အချုပ်ထဲ ဖမ်းထည့်မှာ"
မသက်သာလှသော ဂုဏ်ရှိန့်အား သီရိက ရေတိုက်ရင်းပြောပြနေသည်။
"ဟိုဘက် အခန်းမှာ ပြည့်စုံအောင် နဲ့ သူရိယ တို့ ရှိတယ် သူတို့က တော်သေးတာက ရေထဲပြုတ်ကျလို့ နင့်လောက်မဆိုးဘူး ၊နင်ကသာ ဘယ်လို စိတ်ကူးနဲ့ နံရံဝင်တိုက်ရတာလဲဟယ်"
မမ ပြောစကားများကို နားမထောင်ချင်လည်း အောင့်အီးသည်းခံနေပါသည်။
"မာမီ သိသွားပြီလား မမ"
"ခုတော့ သိလောက်ရောပေါ့ ၊ခု မီဒီယာတွေပေါ်မှာ ပွကျဲနေတာ ၊ငါ့ကိုတော့ ဖုန်းမဆက်သေးဘူး၊ကြည့်ရတာ ဒီဘက် လှည့်မအားသေးဘူးနေမှာပေါ့"
မင်းဂုဏ်ရှိန် ဤဆေးရုံတွင် သတိမေ့မျှော်နေတာ တစ်ညနဲ့တစ်ရက်တာ ဖြစ်သည်တဲ့။မမ ရောက်လာမှ ဂုဏ်ရှိန်၏ သူငယ်ချင်းများ ရင်ဘတ်ထဲက အလုံးကျရသည်။
YOU ARE READING
ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )
Ficción GeneralMarried,Love,Romance ဒီနွေမှ စတင်သောအချစ်သည် နှောင်နွေပေါင်းများစွာသို့ ချစ်ရသူထံသို့ လှမ်းရသော ခြေလှမ်းသည် ဘယ်သူ့ဘက်ကပဲ စလှမ်းလှမ်း အချစ်စစ်ဖြစ်ဖို့ပဲ လိုတယ်မလား