LSIS 28

1.5K 23 7
                                    

ထွေးပွေ့ထားသော လက်အစုံကို ရှန်တီမှ အရင် ဖြုတ်ချကာ အစ်ကို့ ပေါင်ပေါ်မှ ဆင်းလိုက်သည်။ရှန်တီ ထ ရပ်လိုက်သောအခါ ကိုယ်အတွင်းမှ နစ်ဝင်နေသော အစ်ကို့ပိုင်ဆိုင်မှုသည် ပျော့ခွေမသွားပဲ အနည်းငယ် တင်းမာနေဆဲ ဖြစ်သည်။
အစ်ကို့လက်ကို ဆွဲကာ ရေပန်းအောက်သို့ နောက်တစ်ကြိမ်ပြန်ဝင်လိုက်သည်။အစ်ကို့ဆံပင်လေးများကို ရေအနှံ့စိုစေရန် လက်ကလေးများဖြင့် ထိုးဖွရင်း ခပ်မွမွ အနမ်းလေးတစ်ခု ပေးလိုက်ပါ၏။
သဘောကျဟန်ဖြင့် အစ်ကိုမှ အသံခပ်တိုးတိုးကလေးထွက်ကာ တစ်ချက် ရီလိုက်သည်။

"နေခဲ့တော့...ရှန်တီ သွားတော့မယ်"
ဟုပြောသောအခါ အစ်ကိုက ရှန်တီ့ လက်ညှိုးကလေးက ဖမ်းဆုပ်ကာ ရစ်သီသီ အကြည့်ဖြင့် ကြည့်ရင်း ရေချိုးခန်းထဲတွင်ကျန်ခဲ့၏။

............

ဒီနေ့ မေမေ့ရတနာဆိုင်သို့ သွားပြီး လုပ်ငန်းကိစ္စများကို ဝင်ရောက်လေ့လာမှာဖြစ်သည်။
အများကြီးမပြင်ဆင်နေတော့ပဲ skincare ပြီး မိတ်ကပ်ခပ်ပါးပါးသာ ပြင်ဆင်လိုက်၏။
ထိုအချိန်တွင် အစ်ကိုသည် ရေချိုးခန်းထဲမှ ထွက်လာပြီဖြစ်သည်။ခါးတွင် သဘက် အဖြူကို ပတ်လျက် ခေါင်းထက်တွင်လည်း ဘဘက်တစ်ထည် အုပ်လျက်အနေအထားဖြစ်နေသည်။

ရှန်တီသည် အဝတ်လဲခန်းထဲမှ အဝတ်အစားလဲပြီး အစ်ကို့အတွက်ပါ ယနေ့ ဝတ်ဆင်ရန်အဝတ်အစားထုတ်လာ၏။

ရှန်တီ စိတ်ပါလျှင် အစ်ကို့အဝတ်အစားတင်မကဘဲ အစ်ကိုဝတ်ဆင်မည့် နာရီ၊ခါးပတ် ကအစ ကိုယ်တိုင်ရွေးကာ ထုတ်လာပေးတတ်သည်။တခါတရံ ဖောင်တိန် သို့မဟုတ် ဘောပင်၊ရေမွှေးက စလို့ မျက်မှန်အထိ ရှန်တီ တခါတည်း ရွေးပြီး ချထားပေးလိုက်သည်။ဒါကို အစ်ကိုက ဘာမှ မပြောဘဲ ရွေးချယ်ပေးထားသည့်အတိုင်း ဝတ်ဆင်တတ်စမြဲပင်...

ရှန်တီ့ဆံပင်များ ရေစ်ိုနေသေးသဖြင့် လေမှုတ်စက်ဖြင့် မှုတ်နေခိုက်တွင် အစ်ကိုကလည်း သူ့ကိုပါ လုပ်ပေးပါ ဆိုသဖြင့် မှန်တင်ခုံရှေ့တွင် ဝင်ထိုင်ကာ ဇိမ်ခံသေးသည်။

နှစ်ယောက်စလုံး၏ ဆံပင်များ ခြောက်သွားချိန်တွင် အစ်ကို အဝတ်အစားဝတ်သည်။ရှန်တီ ရွေးပေးထားသော ရေမွှေးကို နှစ်ချက်မျှ စွတ်သည်။

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now