စာရေးသူအမှာစာ

1.4K 28 11
                                    

ခုလောက်ဆို စာဖတ်သူလေးတွေလည်း ဇာတ်လမ်းရဲ့ ကျောရိုးကို သိသင့်သလောက် ရှိနေပြီ ထင်မိပါတယ်။

မင်းဂုဏ်ရှိန် ဟာ နိုးနိုးကြယ်စင်နဲ့ သုံးနှစ်တာ အချစ်ခရီးလမ်းရှိခဲ့ပါတယ်။

နိုးနိုးကြယ်စင်က သာမန်မိသားစုက မွေးဖွားတဲ့ ဆရာဝန်မလေး တစ်ယောက်ဖြစ်ပြီးတော့ ဂုဏ်ရှိန့်ထက် သုံးနှစ်ကြီးတဲ့ မမ ပါ။

မင်းဂုဏ်ရှိန်ကတော့ စာတွေထဲမှာ ဖတ်ရတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ကြီးကြီးတက်ချမ်းသာတဲ့ မိသားစုကနေ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့ သူတစ်ယောက်ပါ။
မွေးချင်း သုံးယောက်ရှိတဲ့ထဲမှာ သူက အလတ် ဖြစ်ပါတယ်။

သီရိရှိန် - အကြီးဆုံးအစ်မ
(မိုးကုတ်နဲ့ဖားကန့်မှာ ကျောက်တွင်းတွေပိုင်တဲ့ သူဌေး တစ်ဦးနဲ့ အိမ်ထောင်ပြုပြီး ပြင်ဦးလွင်မှာနေထိုင်နေပါတယ်)

မင်းဂုဏ်ရှိန် - အလတ်
(Shane Group ကို ဖခင်နဲ့အတူ ဦးစီးနေသူဖြစ်ပြီး ကိုရီးယားအခြေပြု ကုမ္ပဏီ တစ်ခုရဲ့ ဒိတ်ဒိတ်ကျဲ မော်ဒယ် ရှန်တီနဲ့ လက်ထပ်ထားပါတယ်)

မင်းဆက်ရှိန် - အငယ်ဆုံး

ရှိန်မိသားစုမှာ အငယ်ဆုံးဖြစ်တဲ့အပြင် အစ်ကိုဖြစ်သူရဲ့ ဇနီး ရှန်တီနဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်ပါတယ်။ ကိုရီးယားမှာ Academic Director အနေနဲ့ ပညာသင်ယူခဲ့ပြီး ခုတော့ ကမ္ဘာလှည့်ပြီး workshop အသေးစားလေးတွေ လိုက်လံဖန်တီးနေပါတယ်။နောက်ပိုင်း documentary  တွေ ပြုလုပ်မယ့် အစီစဉ်တွေရှိပါတယ်။

🫧🫧🫧🫧🫧

ရှန်တီ ကတော့ အစ်ကို့ထက် လေးနှစ်ငယ်တဲ့ ဘေဘီလေးဖြစ်ပါတယ်။

ရှန်တီက ရတနာဆိုင်ပိုင်ရှင်မိဘတွေကနေ ငွေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့ အထက်တန်းစား အမျိုးသမီးငယ်တစ်ယောက်ဖြစ်ပါတယ်။

Comments မှာ female lead က ဘယ်သူလဲ မေးနေကြတာလေးတွေ တွေ့လို့ ဒီကနေ ဖြေပေးပါမယ်နော်

နိုးနိုးကြယ်စင်ရော ရှန်တီရောက role တစ်ခုစီအနေနဲ့ ရှိနှင့်နေပြီးသားပါ။
Female lead ရယ်ဆိုပြီး သပ်သပ်ခွဲပြီးမပြောလိုသေးတာကြောင့် ဇာတ်လမ်းလေးဆုံးတဲ့အထိ အချိန်မှသာ သိစေချင်ပါတယ်။

အစ်ကိုနဲ့ ရှန်တီ တွေ့ဆုံမှုကိုလည်း တစ်ခါတည်းပြောပြပေးပါမယ်❤️

ရှန်တီ အသက် ၂၆ မှာ အစ်ကို့ကို စတွေ့ခဲ့ရပါတယ်။ အစ်ကိုက အဲ့ဒီတုန်းက အသက် ၃၀ ပါ။

အစ်ကိုနဲ့ နိုးနိုးကြယ်စင် ပြတ်စဲပြီး လပိုင်းအတွင်းမှာ ရှန်တီနဲ့ စတင် ခင်မင်လာခဲ့တာပါ။

ရှန်တီက အစ်ကို့ကို တစ်ဖက်သက် ချစ်နေသူဖြစ်တာကို ကိုယ်တိုင် သိရှိပြီး အချိနိကစပြီး အစ်ကို့ကို မတော်တဆ တွေ့ဆုံခဲ့သလို အခိုက်အတန့်တွေ ခဏခဏ ဖန်တီးခဲ့ပါတယ်
ဒါကြောင့်ပဲ ဂုဏ်ရှိန်က ရှန်တီ့ကို မသိစိတ်ထဲကနေ သတိစထားခဲ့မိပါတယ်

ရှန်တီနဲ့ အစ်ကိုလက်ထပ်ကြတော့ အစ်ကို့အသက် ၃၂ ပါ
ဆိုလိုတာက ရှန်တီနဲ့အစ်ကို စတွေ့ထဲကနေ နှစ်နှစ်အကြာမှာမှ လက်ထပ်ခဲ့ကြတာပါ။

လက်မထပ်ခင်ကြားထဲမှာ ရှနိတီ့ဘက်က အစ်ကိုနဲ့ ပိုရင်းနှီးချင်လို့ ပိုပြီး အားစိုက်ခဲ့ပေမယ့် အစ်ကိုက ခပ်ခွါခွါနေတာကြောင့် ချစ်သူဘဝ moments တွေ မရှိခဲ့ပါဘူး။
အစ်ကိုက နိုးနိုးကြယ်စင် ကို ချက်ချင်းပလစ်ခဲ့တာလည်း မဟုတ်ပါဘူးလို့...အိမ်ထောင်ပြုဖို့ကို သူတကယ် အချိန်ယူပြီးမှ လက်ခံခဲ့တာပါ🥺
...
ဒီလောက်ဆို သဘောပေါက်ကြပြီလို့ ထင်မိပါတယ်။
အိမ်ထောင်ရေး ဇာတ်လမ်းလေးအဖြစ် တင်ဆက်တော့မှာမို့ လောလောဆယ်အထိ ဖတ်ထားတဲ့အပိုင်းလေးတွေက intro ပဲ ဖြစ်ပါတယ်🤍🤍

.....

Comments လေးတွေပေးပြီး ဇာတ်လမ်းလေးကို ပိုအားပေး ပေးပါနော်
စာဖတ်သူလေးတွေရှိတော့ အရမ်းပျော်မိပါတယ်🤍🤍🤍

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now