Love starts in summer 1

6K 30 0
                                    

အပိုင်း ၁ (Unicode)

"မောင်..."
အပြင်တွင် မိုးများ ပြင်းထန်စွာရွာနေသည်။ အခန်းတွင်းရှိ လေထုသည် အေးစက်၍ လာဗင်ဒါအနံ့များ သင်းနေ၏။
မိုးချိန်းသံနှင့်အတူ သာယာသော ခေါ်သံတစ်ခုကို တိုးလျစွာ ကြားနေရသည်။

" မောင် ...ထဦး"
ခါးကိုတင်းကြပ်စွာဖက်ထားကာ ရင်ခွင်ထဲ၌ ကလေးတစ်ယောက်ကဲ့သို့ အိပ်နေသောမောင်သည် နှိုးသံက်ို ကြားရသည်ထင်သည်။ ပို၍ပင် တင်းကြပ်စွာဖက်လိုက်သည်။
"မောင်လို့ ..ဖယ်ပေးဦး ရှူးပေါက်ချင်နေပြီ"

"နိုး ကလည်းကွာ စောနကလေးတင် တစ်ခေါက်လေ"

"မိုးအေးတယ်လေ မောင်ရဲ့ ဖယ်ဖယ်"

အဝတ်မပါသော ခန္ဓာကိုယ်ချင်းထိစပ်မှု ပျောက်သွားလျှင်ပင် အအေးဓာတ်က ပိုကဲသည် ထင်ရ၏။
သူမ အိမ်သာဘက်သို့ပြေးသွားသည်ကို သေချာကြည့်၍ ရင်ထဲတွင် ဟာတာတာ ဖြစ်ရပါသည်။

"နိုး ဘာလို့ အင်္ကျီ ဝတ်နေတာလဲ"

မျက်မှောင်ကြီး ကျုံ့၍ပြောလာသော မောင့်အား

"ချမ်းတယ်လေ ...
မနက်ကျရင် duty အစောပိုင်းထသွားရမှာ အအေးပတ်လို့မဖြစ်ဘူး"

"ဆရာဝန် မမ ကို ချစ်ရတာလဲ မလွယ်ပါလားကွာ ..ချစ်ချင်တာတောင် duty ကြောင့် စိတ်ကြိုက်မချစ်ရဘူး .ခုလည်း တစ်ကြိမ်တည်းနဲ့ ရပ်လိုက်ရတယ်"

နှစ်ယောက်သား သွေးသားစပ်ဆက်ချိန်တောင် အားရပါးရ မလုပ်ရသောကြောင့် မောင့်၏ မျက်နှာသည် စူပုပ်လျက် ရှိ၏။
ထိုခါမှ နိုး က သဘောတကျ ရီရင်း ကုတင်ပေါ်တွင် မှီကာ မျက်ခုံးများ တွန့်ချိုးလျက်ကြည့်နေသော သူ့နဖူး အား နမ်း၍

"ပိတ်ရက်ကျရင် ရတာပဲမောင်ရဲ့..ခုက အရေးကြီးတဲ့ချိန်ရောက်နေတာလည်း သိသိကြီးနဲ့"

နိုး သည် ဆရာဝန်ဖြစ်ပြီး အစိုးရဆေးရုံတွင် အလုပ်သင် ဘဝ မှ ယခု တရားဝင် ဆေးလက်မှတ်ဖြင့် ဆေးကုသနေရပြီဖြစ်သည်။

"ဟောက်စ် ဆင်းတဲ့ ဆရာဝန်ပေါက်စတွေရှိနေတော့ စီနီယာ တစ်ယောက်က နောက်ကျပြီးမှ ရောက်တာတို့ အလွဲလွဲအမှားမှားဖြစ်တာတို့ဆို ဘယ်ကောင်းမလဲ"

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now