LSIS 29

837 38 9
                                    

"ရှန်တီ..ဆေးသောက်ရမယ်"

"ဟင့်အင်း ..ကောင်းနေပြီ..မသောက်လည်းရပြီ"

"ကဲ ..ကောင်းနေလည်း ဆေးပတ်လည်အောင် သောက်ရမယ်"

အလတ်ဂျစ်များ သက်သာလာသည့်နောက်တွင် ဖောယောင်မှုသည် မျက်နှာတွက်မရှိတော့ပေ။သို့သော် အနီအစက်အပျောက်ကလေးများကတော့ လည်ပင်းနဲ့ လက်များ တစ်ဝိုက်တွက် ကျန်သေးသည်။

ကိုကိုက ဆေးကို သူကိုယ်တိုင်ဖောက်ကာ ရေဖန်ခွက်ဖြင့် ရှန်တီ့အရှေ့သို့ အဆင်သင့်ယူလာသည်။ပြောမရသည့်အဆုံး သူကိုယ်တိုင် တိုက်မည် ထင်သည်။

"ကဲ သောက်မယ်..ရှန်တီ..."

"ဟာ ..ကိုကိုကလည်း မသောက်လို့ရပါတယ်ဆို"

"မရဘူး သောက်ရမယ် ..ပါးစပ်ဟ"

ရှန်တီသည် မတုန်မလှုပ်ဖြင့် ကိုကို့အားစိုက်ကြည့်နေသည်။ကိုကိုက မျက်နှောကျော ခပ်တင်းတင်းဖြင့် မျက်မှောင်ကျုံ့၍ ကြည့်သည်ကို မကြိုက်၍ ဖြစ်သည်။

"ဟ..ပြောနေတယ်နော် ရှန်တီ။ကိုကို စိတ်ဆိုးမိတော့မယ်"

ကိုကိုမှ သူ့ကိုယ်သူ ကိုကို ဟူသော အသုံးအနှုန်း သုံးလိုက်သဖြင့် ရှန်တီသည် အံ့အားသင့်၍ ပြုံးမိသည်အထိဖြစ်လာသည်။

"ဘာပြုံးစိစိ လုပ်နေတာလဲ..ပါးစပ်ဟ"

ဒီတစ်ခါတော့ ရှန်တီ ဂျစ်ကန်ကန်မလုပ်တော့ဘဲ ပါးစပ်ဟပေးလိုက်သည်။ကိုကိုက သူကိုယ်တိုင် လက်ထဲမှ ဆေးကို ရှန်တီ့ပါးစပ်ထဲအားထည့်ပေးပြီး ရေဖန်ခွက်ပေးသည်။

ဆေး၏ ခါးသက်မှုကြောင့် ရှုံ့တွသွားသော ရှန်တီသည် ရေကို အမြန်မြိုချရသည်။

"ဆေးတွေကျပြီလား..ပြ ကိုယ့်ကို"

သေချာ မသောက်မှာဆိုးသဖြင့် ပါးစပ်ဟပြရသေးသည်။ကိုကိုသည် ထိုကဲ့သို့လည်း ပြုမူတတ်ပါတကား။

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

ဒီနေ့ အိမ်သို့အပြန် ကော်ဖီဆိုင်တွင် ကိတ်ဝင်ဝယ်မည်ဟု အတွေးဖြင့် ဆေးရုံမှထွက်လာခဲ့သည်။ထုံးစံအတိုင်း ဘေးနားတွင် အမြဲကပ်ပါလာတတ်သော ကိုသီဟနိုင်သည် နိုးနိုး သွားချင်သော နေရာသို့လိုက်ပို့ပေးလေသည်။

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now