Love starts in summer 10

1.2K 10 0
                                    

"နောက်တစ်ယောက်ပြီးရင် ရှန်တီ့ အလှည့်နော် အဆင်သင့်"

Stage၏ အနောက်တွင် မော်ဒယ်လ်များ၊makeup artistsများ၊designers များ နှင့်ဝန်ထမ်းများက ရောက်ယက်ခတ်နေကြသည်။
အစွမ်းကုန်ခြယ်သထားသော makeup များနဲ့ ဖန်တီးမှုများပေါင်းစပ်ထားသော အင်္ကျီများက မီးအလင်းရောင်အောက်တွက် တလက်လက်တောက်ပလွန်းနေသည်။

"One two three..breath.....and go!!!"

အကြီးကျယ်ဆုံးသော မြန်မာနိုင်ငံ၏ fashion designer တို့ရဲ့ ဖခင်ဟု ခေါ်၍ရသော designer ၏ပွဲကြီးတွင် ရှန်တီသည် လျှောက်လမ်းနေရပါသည်။

ခမ်းနားပြီး အဆင့်အတန်းတစ်ခုကိုဖော်ပြနေသော လျှောက်လမ်းတွင် မမှိတ်မသုံ ဖြင့် တစ်လှမ်းချင်း ကြွကြွယွယွ လှမ်းလျှောက်နေသည်။
တေးကြီးအမျိုးအစားဖြစ်သည့် classical music မှာလည်း နောက်ခံလျှက် အားလုံးတိတ်ဆိတ်ငြိမ်သက်စွာ ဝတ်စုံ၏ ဖန်တီးမှုကို ကြည့်ရှုနေကြသည်။
သေချာပါသည် သူမ လှနေပါလိမ့်မည်။
အားလုံး၏ အကြည့်သည် သူမ၏ ခြေတစ်လှမ်းတိုင်းမှာ ပျော်ဝင်နေရပါလိမ့်မည်။

"Great....!!"

Stage နောက်ကို သူမ ပြန်ဝင်လာတော့ အားလုံးလက်ခုပ်တီးကြသည်။
ကျန်သော နာမည်ကြီးမော်ဒယ်လ်များ လျှောက်လှမ်းပြီးချိန်တွင် stageတွင် တစ်ဖန် ပြန်လည်နေရာယူရပြန်သည်။

.....................
မီးရောင်များကြားတွင် အရပ်ရှည်ရှည် နဲ့ မော်ဒယ်များရပ်လျှက်၊ယောက်ျား မိန်းမ အစုံသည် အရုပ်ကြီးများသဖွယ် ရှိနေကြသည်။
ထိုထဲတွင်မှ ဘယ်ဘက်တွင် ရပ်လျက်ရှိသော ရှန်တီသည် မိတ်ကပ်ပြင်ဆင်မှုကြောင့် ဟာဝိုင်အီကျွန်းစု မိန်းကလေး ကပြား ကလေးနဲ့ပင်ဆင်တူနေသေးသည်။

သူမသည် ထိုင်နေသော သူ့ကို မြင်ဟန်မတူပါ။
သက်ဆိုင်ရာ ပွဲစီစဉ်သူများကို ပန်းစည်း၊လက်ဆောင်များပေးပြီးသည့်နောက်တွင် ဆေးလိပ်သောက်ရန် သူလူအုပ်ကြားမှထွက်လာခဲ့၏။
ဓာတ်လှေကားမှ ၉ လွှာမြောက်သို့ ဆင်းရန် ခလုတ်နှိပ်လိုက်သည်။
ဓာတ်လှေကားထဲတွင် သူမှလွဲ၍ မည်သူမှရှိမနေပါ။
နာရီကိုကြည့်တော့ ညကိုးနာရီပင် ခွဲနေပြီ။

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now