Love starts in summer 6

1.4K 12 0
                                    

မာမီသည် ကုမ္ပဏီ ဝန်ထမ်းများအတွက် လက်ဆောင်ပေးရန် မှာထားသော ပစ္စည်းများကို သွားယူရန် ပြောသဖြင့် ဂုဏ်ရှိန်လိုက်ပို့ပေးရသည်။

မာမီနဲ့စကားများထားပြီးသည့်နောက်ပိုင်းတွင် ဂုဏ်ရှိန်သည် မေးထူးခေါ်ပြောလောက်သာ မာမီ့အားပြောတော့သည်။
လိုတာထပ်လည်း ပိုမပြောတတ်သော ဂုဏ်ရှိန်သည် စိတ်ဆက်လျက်ရှိသည်။
ကားပါကင်တွင် ဆေးလိပ်ထွက်သောက်နေကာ စိတ်အိုက်လာသောကြောင့် ကားထဲတွင် Aircon ဖွင့်၍ မှေးနေလိုက်သည်။

"ဒုတ်"

ဂုဏ်ရှိန့်ကားသည်ပင် လှုပ်သွားသည်အထိ တစ်ခုခု ကားကို ဝင်တိုက်လိုက်ခြင်းခံလိုက်ရသည်။ပြာပြာသလဲ ထကာ မျက်လုံးဖွင့်ကြည့်မိတော့ ကားတစ်စီး ပါကင်ထိုးရာမှ ထွက်ကာ အကွေ့တွင် တိုက်မိခြင်းဖြစ်သည်။

"ဟာ...ကျစ် ဒီကောင်ကတော့"
စိတ်တိုတိုဖြင့် ဂုဏ်ရှိန်ကားပေါ်မှ ဆင်းလိုက်သည်။သူ၏ ကားခေါင်းပိုင်းရှိ မိီးခွက်ပက်လျှင်အက်နေပြီ...
***
ဟာ သွားပြီ လုပ်ချပြန်ပြီ ရှန်တီရေ..နင်ကတော့ ဒုက္ခပဲ
ရှန်တီလည်း ကားပေါ်မှ အမြန်ဆင်းကာ ဒေါသတကြီး ကားမီးခွက်ကိုတစ်လှည့် သူ့ကို တစ်လှည့် ကြည့်နေသော လူကို အားတုံ့အားနာရယ်ပြမိလိုက်သည်။

"မင်းက မိန်းကလေးပဲ .."

"ဆောရီးပါရှင် ကျွန်မ သတိမထားမိဘဲ အထွက်မှာ တိုက်လိုက်မိတယ်"

"ကား ပါကင်ထုတ်တာလောက်တောင် မကျွမ်းပဲ မင်း ကားမောင်းနေရလား"

မျက်မှောင်ကြီးကြုံ့ကာ စိတ်ဆိုးမာန်ဆိုးပြောနေသော ထိုလူသည် ရုတ်တရက်ခါးထောက်ပြီး ဆောင့်ကြောင့်ထိုင်ကာ မီးခွက်ကို ကြည့်ရင်း ပြန်ထလာသည်။

"ဘယ်လောက်တောင် ဝင်တိုက်မိလိုက်လဲကွာ ...ဒီဟာက ရှားတယ်ကွ"

သူမဘက်သို့လှည့်ကာပြောလာတော့ တံတွေးမနည်းမျိုးချကာ

"ဟုတ်တယ် နည်းနည်းလေး မလွတ််ဖြစ်သွားတာ၊ကျွန်မ သတိမထားမိလိုက်လို့ပါ"

"ဒီမှာ ကလေးမ မင်း နောက်ကို တစ်ခုခုလုပ်တော့မယ်ဆို ဘေးဘီဝဲယာကြည့်ပြီးမှ လုပ်"
သူက မျက်မှောင်ကြီး ကြုံ့ကာပြောသည်။
နဂိုတည်းကမှ ကိုယ့်အပေါ်ကို
လေသံကလေး မာရင်တောင် မကြိုက်တတ်သော ရှန်တီလည်း အနည်းငယ် စိတ်တိုစပြုလာပြီ။

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now