LSIS 27

1.3K 29 7
                                    

မနက်ခင်းသည် နေရောင်ခြည် မပျို့တပျို့ဖြင့် လှပလျက်ရှိ၏။နွေရာသီဖြစ်သော်လည်း မနက်စောစောမို့ သိပ်၍ မပူလှပါ။မနက် ခြောက်နာရီဝန်းကျင်သာ ရှိသေးသဖြင့် တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်နေ၏။

ညက ခန်းစီးလိုက်ကာကို ဖွင့်အိပ်သဖြင့် အပြင်မှ အလင်းရောင် ခပ်ပြပြကို အိပ်ယာထက်မှ ရှန်တီ လှမ်း၍ကြည့်နေ၏။
အစ်ကိုကတော့ စောင်ဖြူဖြူအောက်တွင် အိပ်မောကျလျက်သာရှိသေးသည်။

အိပ်ယာထက်မှ အသာကလေး ထကာ ခန်းစီးလိုက်ကာကလေးကို အသာဘေးဆွဲ၍ ပိတ်လိုက်သည်။ပြီးမှာ ဝရံတာသို့ထွက်သည့်တံခါးကို အသံမမြည်အောင် ထိန်းဖွင့်လိုက်၏။

ရှန်တီနဲ့ အစ်ကိုတို့ နေသည့်အခန်း၏ မြင်ကွင်းသည် အိမ်တစ်ဆောင်လုံးတွင် အလှပဆုံးအခန်းဖြစ်သည် ဟု ရှန်တီ ထင်ပါသည်။
အခန်းမှ ဝရံတာသို့ ထွက်လိုက်လျှင် ရေကန်ပြင်အကျယ်ကြီးကို မြင်နေရသည့်အပြင် ကျယ်ဝန့်လှသည် ခြံထဲမှ မြက်ခင်းစိမ်းစိမ်းအပြင် အလှစိုက်ထားသည့် တရုတ်စကားပင်တို့ကလည်း အစီအရီရှိနေ၏။

အဝေးမှ လှမ်းမြင်နေရသော ရေကန်ပြင် အကျယ်ကြီးထဲတွင် ရွက်လွှင့်လှေကလေးများအပြင် တစ်ယောက်လှော် လှေ အသေးကလေးများကို မြင်နေရ၏။

ရေကန်ပြင်ကျယ်ကို ဖြတ်တိုက်လာသော လေသည် ပို၍လတ်ဆတ်သလို အေးမြသည်ဟု ခံစားရပါသည်။
အဝေးကို ငေးကြည့်ပြီးမှ ခြံထဲလှမ်းကြည့်သောအခါ လူတစ်ယောက် အားကစားဝတ်စုံဖြင့် ပြေးနေ၏။

"ဘယ်သူပါလိမ့်"

အိမ်မကြီးအနီးသို့ တဖြေးဖြေးပြေးလာသောလူကို သေချာကြည့်မှ မင်းဆက်ရှိန် ဖြစ်နေသည်။သူကလည်း ပြေးနေရင် ရှန်တီရှိရာ နေရာသို့ မော့ကြည့်လာသည်။

အကြည့်ချင်းစုံသောအခါ သူက လက်တစ်ဖက်က်ု ခါးထောက်၍ ကျန်တစ်ဖက်ဖြင့် လက်ခလယ် ထောင်ပြနေသည်။

"ဟယ် စောစောစီးစီး သူတောင်းစား"

ဟု ကြိတ်ဆဲရင် သူ့လိုပင် လက်ထောင်ပြရင်း အခန်းထဲသို့ ခက်သွက်သွက် ပြန်ဝင်လာ၏။

🫧🫧🫧
သီချင်းလေးငြီးရင်း ရေပန်းအောက်သို့ ဝင်လိုက်၏။မနက်ပိုင်းမို့ ရေခပ်အေးအေးကို heater မဖွင့်ပဲ ချိုးချလိုက်၏။
ရှမ်ပူကို လက်ဖဝါးထဲတွင် အပြည့် ထည့်ကာ ခေါင်းကို အားရပါးရလျှော်လိုက်သည်။ထို့နောက် ပေါင်းဆေးဖြင့် ဆံပင်ကို ပေါင်းထားလိုက်၏။ဆံပင်ကိုပေါင်းနေခိုက်တွင် တစ်ကိုယ်လုံးကို scrub တိုက်လိုက်သည်။ခဏအကြာတွင် ခန္ဓာကိုယ်မှ scrub များကို ရေဖြင့် သေချာဆေးကြောလိုက်ပြီး တစ်ကိုယ်လံုးကို နူးညံ့အိစက်သွားအောင် ခန္ဓာကိုယ် ပေါင်းဆေးပါ လူးထားလိုက်၏။

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now