ညက အစ်ကိုလည်း သူ့သူငယ်ချင်းတွေနဲ့ စကားဝိုင်းကျနေတော့ ရှန်တီတစ်ယောက်တည်း အရင် အိပ်ယာဝင်ခဲ့လိုက်သည်။ဝိုင်သုံးခွက်လောက်သာ သောက်ခဲ့သော်လည်း ခပ်ရိပ်ရိပ်ကလေး ခေါင်းမူးမူးနဲ့ အိပ်ပျော်သောကြောင့် ညက အိပ်ရေး အတော်ဝခဲ့ပါသည်။
ဒီနေ့သည် ရှန်တီတို့ရဲ့ စေ့စပ်မင်္ဂလာပွဲနေ့ဖြစ်၏။ရှန်တီနိုးလာသောအခါ အစ်ကိုသည် ရှန်တီ့ နောက်ကျောဘက်တွင် အိပ်ပျော်နေလျက်ရှိပြီး ရှန်တီ့ခါးနေရာသို့ ပြေလျော့စွာ သူ့လက်ကို တင်ထား၏။
အစ်ကို မနိုးစေရန် ဖြည်းဖြည်းချင်းထက သူ့လက်ကလေးကို စောင်အောက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။အဲကွန်း အရှိန်ကို အေးနေမှာဆိုးသဖြင့် အအေးချိန်ကို တိုးခဲ့လိုက်ပြီး ရေချိုးရန် ထွက်လာလိုက်သည်။
မနက် ရှစ်နာရီထိုးသဖြင့် နေရောင်ကို ကောင်းစွာမြင်ရ၏။ခြံထဲတွင် ပွဲစီစဉ်သူနှင့် အလုပ်သမားများက အလုပ်ရှုပ်နေကြသည်။
မသီရိသည် အလုပ်ရှုပ်နေသော အလုပ်သမားများကို ကော်ဖီများ လိုက်ကမ်းပေးနေသည်။ရေချိုးပြီး၍ အဝတ်အစားများလဲနေချိန်တွင် အစ်ကို နိုးလာ၏။
"ဝှါး..."
အစ်ကိုသည် အိပ်ယာမှ ထထိုင်ကာ သန်းရင်း အကျောဆန့်နေသည်။"ဘယ်နှနာရီထိုးပြီလဲ ရှန်တီ"
"အင်း..ရှစ်နာရီခွဲပြီ ကို"
"အင်း စောသေးသားပဲ၊ခဏနေ ကိုယ်တို့ ဧည့်သည်တွေကို ဟိုတယ်မှာ ခဏသွားတွေ့ကြမယ်၊ပြီးရင် လေဆိပ်ကိုသွားမယ်"
လေဆိပ်ဟူသော စကားကြောင့် အနည်းငယ်တွန့်သွားရ၏။နောက်ကျောဘက်မှ ဇစ်ကို လှမ်းဆွဲနေသော ရှန်တီ့လက်များပင် ဆက်၍ မဆွဲနိုင်ဖြစ်ရတော့သည်။
"ဒီကိုလာ.."
"ဟင်.."
"ကိုယ့်နားကိုလာလို့..ဇစ်ဆွဲပေးမယ်"
အစ်ကို့နားသို့ ရောက်တော့ နောက်ကျောပေးကာ ရှန်တီရပ်လိုက်သည်။ခါးနေရာတွင် ရှိနေသော ဇစ်ခေါင်းကလေးကို ကိုင်ကာ အစ်ကိုက
ဆွဲတင်ပေးသည်။"ရှန်တီ အတွင်းခံ မဝတ်ဘူးလား"
အစ်ကို့အပြောကြောင့် ရှန်တီ သတိလက်လွတ်စွာပင်အောက်ပိုင်းကို ငုံ့ကြည့်ရင်း အယောင်ယောင်အမှားမှားဖြစ်ကာ.
YOU ARE READING
ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )
General FictionMarried,Love,Romance ဒီနွေမှ စတင်သောအချစ်သည် နှောင်နွေပေါင်းများစွာသို့ ချစ်ရသူထံသို့ လှမ်းရသော ခြေလှမ်းသည် ဘယ်သူ့ဘက်ကပဲ စလှမ်းလှမ်း အချစ်စစ်ဖြစ်ဖို့ပဲ လိုတယ်မလား