LSIS 17

1.6K 17 4
                                    

နိုးနိုးသည် သတင်းစာထဲတွင် ပါလာသော စေ့စပ်ကြောင်း လှမ်းခြင်း စာပိုဒ်ကလေးကြောင့် နဖူးကြောများထောင်လာသည်အထိ ထိန့်လန့်သွားရသည်။

"မင်းဂုဏ်ရှိန် (CEO :SHEIN Group Company Limited ) နှင့် စန္ဒီကျော်စွာ (Public Figure and Fashion Model)"

စာပိုဒ်ကလေးဆုံးအောင်ပင် မဖတ်နိုင်တော့ဘဲ မျက်ရည်များတွင်တွင် ကျဆင်းလာသည်။
နိုး၏ အရှေ့တွင် ထိုင်ကာ စာရေးနေသော ကျောင်းသားကလေးကိုပင် ဂရုမစိုက်နိုင်တော့ပါ။

"Teacher..ဘာဖြစ်လို့လဲ"

"သား..Teacher toilet ခဏသွားလိုက်ဦးမယ်"
မျက်ရည်များကို ကပြာကယာ သုတ်ပြီး ကျောင်းသားကလေးရှေ့မှ အမြန်ထွက်လာခဲ့လိုက်သည်။
လက်ချောင်းများ တုန်ရီနေသည်။
နှလုံးသားသည် နာကျင်ကိုက်ခဲနေ၏။

နိုးသည် အပိုဝင်ငွေ ရချင်၍ အိမ်တွင် အထက်တန်းကျောင်းသားလေး နှစ်ဦး သုံးဦးလက်ခံကာ Guide လုပ်ပေးပါသည်။

ကျောင်းသားတွေရှေ့ ဟန်တောင် မဆောင်နိုင်ရလောက်အောင် နင်တော်တော်ဖြစ်နေပါလား နိုးနိုးကြယ်စင်..မငိုနဲ့..မငိုစမ်းနဲ့..သူလည်းသူ့လမ်း သူလျှောက်သွားတာ..နင်ငိုစရာ အကြောင်းမရှိဘူး

ကိုယ့်ကိုယ်ကိုယ် အားတင်းရပြန်သည်။အားတင်းရင် ကျလာသော မျက်ရည်သည် မောင့်ကို ချစ်နေသေးသည့် သက်သေများ မဟုတ်လား။

မာန နဲ့ အချစ်မှာ ဘယ်နှကြိမ် ဘယ်ခါများ နိုးနိုး လူမသိအောင် ဝေခွဲရ ခက်ခဲ့ပါလိမ့်..
အမှောင်ထုထဲတွင် ဆုံးဖြတ်ရခက်ခဲ့သော နေ့စွဲများ..
မရွေးချယ်ချင်ဘဲ မာနကို ဦးစားပေးခဲ့ရသော ဘဝ အခြေအနေကိုလည်း နာကျည်းမိပါသည်။

ငိုလို့ဝပြီဆိုမှ မျက်နှာ အမြန်သစ်ကာ စာသင်ဝိုင်းရှိရာသို့ ပြန်သွားရ၏။
စပ်စုချင်သော ကျောင်းသားများကတော့ နိုးနိုးအား သိချင်နေသော မျက်လုံးများဖြင့် လိုက်ကြည့်နေကြသည်။

"Teacher..ဘာဖြစ်လို့လဲ"

"ဟင်..ဘာကိုလဲ"

"စောစောက teacher ငိုနေတာ ဘာဖြစ်လို့လဲလို့..သားတို့ကို ပြောပြပါလား"

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now