တစ်အိမ်လုံးကို လိုက်ကြည့်တာ ဝတော့မှ အစ်ကိုရှိရာ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့လိုက်သည်။
ဝက်သားများကို ဆေးကာ အတုံးသေးသေးကလေးများဖြစ်အောင် လှီးနေ၏။
ထို့နောက် လက်အိတ်စွတ်ကာ အရသာများရောစပ်ပြီး စတင်၍ နယ်ကာ နှပ်ထားလိုက်သည်။
ဆယ်မိနစ်အကြာတွင် နှပ်ထားသော အသားများကို မီးအေးအေးဖြင့်ကြော်ပြီးချိန်တွင် ထမင်းလည်း ကျက်နှင့်နေပြီဖြစ်သည်။အစီစဉ်တကျလုပ်နေသော အစ်ကို့ပုံစံသည် ခါတိုင်းမြင်နေကျပုံထက် ပို၍ ဆွဲဆောင်မှုရှိနေသည်။အစ်ကို ပြုလုပ်နေသည်များကို သေချာကြည့်ကာ ဝိုင်းကူပေးနေသောရှန်တီပင်လျှင် စိတ်ကူးယဉ် အိမ်မက်ထဲသို့ ရောက်ရှိနေပြီလား လို့ပင်တွေးယူရသည်။
ရှန်တီစားချင်သော ချဉ်ပေါင်ငပိ ထမင်းနယ်ကို ကျကျနန စားပြီးချိန်တွင် အစ်ကိုသည် ဝိုင်ပုလင်းယူလာကာ ရှန်တီ့ ထံသို့ ငှဲ့၍ပေးလာ၏။ဝိုင်လေး တစ်စိမ့်စိမ့်သောက်ရင်းပင် အချိန်က ညနေဘက်သို့ပင် ကူးလာလေပြီ။
"နည်းနည်းလေးချမ်းလာသလိုတောင်ဖြစ်နေပြီ ..မချမ်းဘူးလားအစ်ကို"
"ဟင်..ချမ်းနေလို့လား.."
"အင်း နည်းနည်း.."
"ဒါဆို ကိုယ် aircon လေလျှော့လိုက်မယ်.."
အလိုက်သိစွာပင် အအေးချိန်ကို လျှော့၍ ရှန်တီ့အား စောင်ပါးလေးတစ်ထည် ယူလာကာ ခြုံ၍ပေးသည်။
Netflix မှ ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရင်းမှ အစ်ကိုသည် အိပ်ပျော်သွားပြီဖြစ်သည်။
ဆိုဖာပေါ်တွင် ခြေဆင်းထိုင်ကာ လက်ပိုက်ရင်း အိပ်ပျော်နေသောကြောင့် မသက်မသာဖြစ်နေဟန်တူလှပါသည်။
ဦးခေါင်းက ဘေးကိုစောင်းနေသောကြောင့် ဇာတ်မနာစေရန် ပြင်ပေးဖို့ အစ်ကိုရှိရာသို့ ရှန်တီ သွားလိုက်ပါသည်။အစ်ကို့မျက်နှာကို သေချာကြည့်မှ မျက်ခုံး ထင်းထင်းနှစ်ခု ကြားတွင် နှာတံသည် တဖြောင့်တည်း စင်းနေ၏။အဝေးကကြည့်လျင် ရှည်သည်ထင်ရသော မျက်တောင်များသည်လည်း တကယ်တမ်းကျ ရှန်တီ့လောက် မရှည်နေပါ။ယောက်ျားဆန်သော မျက်နှာပေါ်တွင် အလှဆုံးသော အစိတ်အပိုင်းက အစ်ကို့ နှုတ်ခမ်းဖူးဖူးကလေးများဖြစ်သည်။
YOU ARE READING
ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )
General FictionMarried,Love,Romance ဒီနွေမှ စတင်သောအချစ်သည် နှောင်နွေပေါင်းများစွာသို့ ချစ်ရသူထံသို့ လှမ်းရသော ခြေလှမ်းသည် ဘယ်သူ့ဘက်ကပဲ စလှမ်းလှမ်း အချစ်စစ်ဖြစ်ဖို့ပဲ လိုတယ်မလား