LSIS 30

847 25 10
                                    

"ဟဲလို.."

ဖုန်း၍ အခြားတစ်ဖက်တွင် အသံခပ်ဩဩထွက်ပေါ်လာသည်။

"ကိုကို..ရှန်တီ ခဏနေ ထွက်လာမလို့ ..lunch တူတူ စားကြမလား"

"အမ်...ကိုယ် ခု အပြင်ရောက်နေတာရှန်တီရဲ့ မိတ်ဆွေတစ်ယောက်နဲ့တွေ့နေတာ.."

"ဟုတ်လား..ဒါဆို ရှန်တီတို့ ညနေအိမ်မှာ စားကြမလား"

အစက ရှန်တီသည် ကိုက်ိုနဲ့ တူတူနေ့လည်စာစားရင်း ကိုကို့အတွက် လက်ဆောင်တစ်ခုခုဝယ်ပေးချင်သော စိတ်ဖြစ်မိသည်။ဒီနေ့သည် ရှန်တီတို့ မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်သောကြောင့်ဖြစ်သည်။နှစ်ပတ်လည်နေ့ရှိသည့် လတိုင်း ကိုကိုက ရှန်တီ့အတွက် လက်ဆောင် တစ်ခုမဟုတ် တစ်ခုဝယ်ပေးနေခြင်းကြောင့် ရှန်တီလည်း ကိုကို့အား တစ်ခုခုပေးရန် စိတ်ကူးမိသည်။သို့သော် ယနေ့အဖို့ ကိုကိုနဲ့တစ်နေ့တာ ကုန်ဆုံးချင်သည့် စိတ်ကလေးကို လက်လျှော့လိုက်ရသည်။

ကိုကိုသည်လည်း ဒိီနေ့ ဘာနေ့ ဖြစ်သည်ဆိုတာကို မေ့နေဟန်ပေါ်သည်။မေ့ကောင်း မေ့နိုင်ပါတယ်လေ သူက ၁၂ ရာသီ အလုပ်ဂျပိုးဆိုတော့ သူ့ခေါင်းထဲမှာ အရာရာဟာနေရာယူပြီးသား အပြည့်ဖြစ်နေပါလိမ့်မည်။

"အင်း..ကိုယ်စောစော ပြန်ခဲ့မယ်"

"အင်း..ရှန်တီ ညနေစာပြင်ပြီးစောင့်နေမယ် .."

ဖုန်းချကာနီးတွင် ကိုကို့ဘက်မှ "ဪ" ဟူသော အာမေဍိတ်သံကလေး ကြားရသောကြောင့် ဖုန်းကို နားနှင့် ရုတ်တရက် ပြန်ကပ်လိုက်၏။

"Happy Anniversary ရှန်တီ.."

ရှန်တီသည် သွားများပေါ်လာသည်ထိ ပြုံးမိကာ ကျေနပ်သွားရသည်။ရှန်တီ့တို့ အမှတ်တရနေ့တွေကို သူ မမေ့ပါ။

"Thank You ကိုကို" ဟု ပြောကာ ဖုန်းချလိုက်သည်။မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ်ကြည့်ကာ အကျေနပ်ကြိီး ကျေနပ်သွားရသည်။
ဤကမ္ဘာတွင် ရှန်တီ့လောက် စိတ်ချမ်းသာသူ ရှိပါ့ဦးမလား လို့တောင် တွေးရသည်အထိကျေနပ်နေတာ အမှန်ပါ....

✨✨✨✨✨✨✨

"အမျိုးသမီးလား မောင်"

အပြင်ကို ထွက်ကာ ဖုန်းပြောပြီး ပြန်လာသော မောင့်ကို မေးလိုက်သည်။မောင် က ခေါင်းတစ်ချက်ငြိမ့်ပြကာ ခုံကို ဆွဲယူ၍ ထိုင်သည်။ထို့နောက် စားပွဲပေါ်ရှိ အအေးကို တစ်ကြိုက်တည်း မော့သောက်ကာ ထရန်ပြင်သည်။

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now