Part 2

604 14 2
                                    

☁️ရာသီဥတုက တိမ်ထူပီး အေးချမ်းနေပေမယ့် သွန်းရင်ထဲမှာတော့ မီးထက်ပူနေရတယ်။သွန်း မှာအားကိုးရမယ့်သူမရှိတော့ဘူး။ဘာပိုင်ဆိုင်မှုမှလဲမရှိဘူး။ခုဆို အိမ်ပါမရှိတော့ဘူး စိတ်ညစ်ညစ်နဲ့ လမ်းလျှောက်နေတုန်း ဟွန်းတီးသံနဲ့အပြိုင် သွန်း လည်း လဲကျသွားတယ်။

တီ................

"အာ့ သေပါပီ ဒီကားက ဘယ်လိုလဲ"

"ဒီမှာ  မင်းသာလမ်းမပေါ်လျှောက်သွားနေတာ သေချင်နေတာလား သေလို့ မရသေးဘူး မင်း ငါ့မိန်းမလုပ်ရအုံးမှာ"

"ဘာရှင့် ရှင်ရိုင်းလှချည်လား"

လူက ရုပ်နဲ့မှမလိုက်အတော်လေးရိုင်းစိုင်းသည်။ရုပ်ဆိုမှ အတော်လေးချောတာပဲ နှာတံချွန်ချွန် မေးရိုးသွယ်သွယ်  နှုတ်ခမ်းသေးသေးနဲ့ အတော်ကြည့်ကောင်းတယ် အရပ်ကလဲရှည်တဲ့အပြင် အသားကပါ၀င်းနေတော့ အိုးPerfectပဲ ဒါပေမဲ့ အဲ့မျက်ခုံး မျက်ခုံးကြီးတွန့်ပီးမျက်မှောင်ကုတ်ထားရတာ မညောင်းဘူးလားမသိဘူး။

"ဒီမှာ အဲ့လောက်ငေးမနေနဲ့ နောက်နေ့ဆိုနေ့တိုင်းမြင်ရမှာ"

"ဘာရှင့်"

"ဟိုး ခနနေအုံး မင်းငါ့ကိုလက်ထပ်ရမယ် ငါ့ကိုမှတ်မိလား ငါကမာန် သွေး ရင့်"

မာန်က တစ်လုံးချင်းသူ့နာမည်ကို ပြောပြလိုက်မှ သွန်း မျက်လုံးပြူးသွားသည်။

"ဟင် မာန်သွေးရင့်ဆိုတာ ဟို ငါးတန်း"

"ဟုတ်တယ် မင်းအဖေလုပ်ရပ်တွေအတွက် မင်းငါ့ကိုလက်ထပ်ရမယ် "

"ရှင် ရူးနေလား အဖေကသူ့အပြစ်အတွက် သူခံနေရပီဘဲလေ"

"အဟက် ငါ့အမေခံရတာလောက်မများသေးဘူး ငါမကျေနပ်ဘူး မင်းစဥ်းစားပေါ့ မင်းမှာရွေးချယ်စရာ၂ခုရှိမယ် ပထမတစ်ခုက ငါနဲ့လက်ထပ်ပီး မင်းအမေကိုကယ်မလား  အပြင်မှာလေလွင့်နေပီး မင်းအမေကိုအဆုံးရှုံးခံမလား"

"ဘယ်လို  ရှင်ကအကုန်သိနေတယ် ဟုတ်လား"

"ဒါပေါ့ မင်းတို့အကြောင်းငါအကုန်စုံစမ်းပီးသား တစ်ခုတော့ရှိတယ် ငါဘာမှမလုပ်ရသေးဘူးနော် ခုမှစမှာ"

TOXIC💔Where stories live. Discover now