တဖြေးဖြေး အပူရှိန်မြင့်လာတဲ့ နေမင်းကြီးနဲ့အတူ ရောင်နီ့စိတ်ထဲမှာလဲ ပူလောင်စိုးထိတ်နေရသည်၊ ကိုယ်တောင်ချစ်ရဲ့နဲ့ မထိရက်မကိုင်ရက် ချစ်လာခဲ့ရသူ သူချစ်တဲ့သူအနားမှာပျော်ပါစေဆိုပီး လက်လျော့ထားခဲ့တာ ဒါကို ဟိုခွေးကောင်ကတန်ဖိုးမထား သွန်း သာတစ်ခုခုဖြစ်ရင် အဲ့ကောင်မလွယ်ဘူး၊
ခနနေတော့ အရေးပေါ်ခန်းထဲမှ ဆရာမမှ စကားပြောလာသည်၊
"ဟို လူနာရှင်လား"
"ဟုတ်ပါတယ်"
"ဘာတော်လဲရှင့်"
"အာ ညီ ..ညီမလေးပါ"
"ဟုတ်ကဲ့ ရှင့်ညီမမှာအရေးပေါ်သွေးလိုအပ်နေပါတယ် သွေးကAသွေးပါရှင့် ကျွန်မတို့ဆေးရုံမှာက Aသွေးအလှူရှင်တွေမရှိတော့ဘူး သွေးကုန်နေတာပါရှင့် အဲ့တာ"
"ကျွန်တော် လှူပါ့မယ် ကျွန်တော့်ထဲက လိုအပ်သလောက်ယူလို့ရပါတယ်"
ဒဏ်ရာတွေဆေးထည့်ပီး ထွက်လာတဲ့ပိုင်ခန့်က သွေးလှူဖို့ပြောသည်၊ ဆရာမလေးက အင်တင်တင်လုပ်နေပေမယ့် အထဲကလူနာက အရေးကြီးနေတော့ လက်ခံလိုက်သည်၊
"ဖြစ်ပါ့မလား ရှင်လဲဒဏ်ရာရထားတာလေ အားနည်းနေရင် သွေးယူလို့မရပါဘူးရှင်"
"ကျွန်တော်ကိုယ်တိုင်လက်ခံပါတယ် ကျွန်တော့်ထက် သူ့ကိုကယ်ပေးပါ ကျွန်တော်ကအားနည်းနေတဲ့ပုံပေါက်နေလို့လား"
"ကောင်းပီလေ ရှင်အဆင်ပြေရင် ရပါတယ်"
"ဟုတ်ကဲ့"
တစ်နာရီလောက်ကြာမှ ဆရာမထွက်လာကာ သွန်းလဲစိုးရိမ်စရာမရှိတော့ဘူးလို့ပြောမှ ရင်ထဲကအပူတွေကျဆင်းသွားတော့သည်၊ ပိုင်ခန့်ကိုလဲ သွားကြည့်ရအုံးမည်၊ သွေးက သုံးပုလင်းတောင်ယူထားတာ သူလဲအတော်အားနည်းနေမှာ၊
"သွန်းရယ် ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်သွန်းကို မကာကွယ်လိုက်နိုငိဘူး"
ဆေးရုံကုတင်ပေါ်မှာ ဒဏ်ရာတွေနဲ့ သွန်းကိုမြင်ရတာ သူ့ရင်ထဲမီးနဲ့စိုက်နေသလိုပင် တစ်ဖက်သက်အချစ်ဆိုပေမယ့် အလေးအနက်ချစ်တာပါ သူပျော်ဖို့သာတွေးထားလို့ ရှေ့ဆက်မတိုးခဲ့တာ ကိုယ်ကမပိုင်ရပေမယ့် အသက်ထက်ချစ်ပါတယ် ကလေးငယ်ရယ်၊ အသက်မျှင်းမျှင်းလေးသာရှူရင်း သတိမရသေးတဲ့ သွန်းက အပြစ်ကင်းလွန်းသည်၊ သူ့လိုကလေးမျိုးက ကဗျာသီ့လို ကောက်ကျစ်တဲ့မိန်းမမျိုးနဲ့ ဘယ်ယှဥ်နိုင်မလဲ၊
![](https://img.wattpad.com/cover/354297545-288-k436658.jpg)
YOU ARE READING
TOXIC💔
Humorအမေဖြစ်သူကို သတ်ခဲ့တဲ့လူရဲ့ သမီးကို ကလဲ့စားချေဖို့ မိန်းကလေးတစ်ယောက်ကို မချစ်ဘဲလက်ထပ်ခဲ့တဲ့ မာန်သွေးရင့် အဖေဖြစ်သူ လုပ်ခဲ့လား မလုပ်ခဲ့လားတောင်မသိလိုက်ဘဲ လက်စားချေဖို့ လက်ထပ်ခံရတဲ့ မိန်းကလေးငယ်တစ်ယောက်ဖြစ်တဲ့ ...