အငြိုးနဲ့သည်းနေတဲ့မိုးက ခိုလှုံစရာရင်ခွင်မရှိတဲ့ သွန်း ကိုအရွဲ့တိုက်နေသယောင် သည်းကြီးမည်းကြီးရွာသွန်းလို့ လျှပ်စီးကြောင်းတွေကပါ လှောင်ပြောင်နေကြတယ် တစ်ဆထက်တစ်ဆ စိမိ့လာတဲ့အအေးက သွန်း ကိုနှိပ်စက်လာတယ် ။မှောင်မိုက်နေတဲ့ ကမ္ဘာတစ်ခုဆီ သွန်းရောက်သွားတော့ သွန်းနဲ့မလှမ်းမကမ်းမှာ အမေ ပီးတော့ အဖေ သူတို့ကကျောခိုင်းသွားတယ် သွန်း ဘယ်လောက်အော်ခေါ်နေပါစေ လှည့်ကြည်ဘူး။
"မေမေ ဖေဖေ သမီးကိုလာခေါ်တာလား မေမေ ဟင့် နေကြပါအုံး သမီးကိုစောင့်ကြပါအုံး ဟင့် ဖေဖေ ဖေဖေလို့"
မာန် သူမ ကိုစိတ်မချလို့အခန်းထဲပြန်၀င်လာတော့ ကယောင်ကတမ်းနဲ့ ဘာတေပြောနေမှန်းမသိတဲ့သူမ ချွေးတွေရောမျက်ရည်တွေပါရွှဲလို့ တော်သေးတာပေါ့ သူသာပြန်မလာရင် မတွေး၀ံ့စရာ ဘာလို့လဲကလေးမရယ် ကိုယ်မင်းကိုမုန်းလို့မရဘူး။
"ဟာ ကျစ် ကိုယ်တွေပူကျစ်နေတာ မဖြစ်ဘူး ချွေးတွေနဲ့အအေးပြန်ပတ်လိမ့်မယ် အင်္ကျီလဲရအောင်"
"မေမေ ဟင့် သမီးကိုမထားခဲ့ပါနဲ့"
"ကိုယ်ရှိတယ်နော် စိတ်မပူနဲ့"
ဟော ငြိမ်သွားပီ အိမ်မက်ဆိုးတွေမက်နေတာဖြစ်မယ် စိတ်မကောင်းပါဘူး ကိုယ့်မေမေဒါလေးတော့လုပ်ပါရစေ မသိဘူး ဘာကိုမှရေရေရာရာမသိတော့ဘူး ။
မာန် သူမကိုအ၀တ်တွေလဲပေးပီး ရေ၀တ်တင်ပေးလိုက်တော့မှ အဖျားက ကျသွားတယ်။ဘယ်လောက်တောင်ကြောက်နေလိုက်မလဲ နုနယ်တဲ့မိန်းကလေးဖြစ်တဲ့အပြင် နေမကောင်းသေးတာမို့ မိုးတွေအရမ်းရွာတော့ သူတစ်ယောက်ထဲကြောက်နေရှာမှာ။ကိုယ်တောင်းပန်ပါတယ်။
****
"မာန် ဟင် ..."
တံခါးမခေါက်မိပဲ မာန့်အခန်းထဲ၀င်သွားတာ ဟိုကောင်မက မာန့် ရင်ခွင်ထဲမှာ မာန်က နူးနူးညံ့ညံ့ထွေးပွေ့ထားတယ်။၃နှစ်ကျော်လုံး အနားမှာနေခဲ့တာတောင် မာန်ခုလိုထွေးပွေ့ထားတာမခံရဖူးဘူး သူကဘာမို့လို့လဲ ။
"သီ မင်း တံခါးမခေါက်တတ်ဘူးလား"
"ဒါကဘာဖြစ်နေကြတာလဲ"
YOU ARE READING
TOXIC💔
Humorအမေဖြစ်သူကို သတ်ခဲ့တဲ့လူရဲ့ သမီးကို ကလဲ့စားချေဖို့ မိန်းကလေးတစ်ယောက်ကို မချစ်ဘဲလက်ထပ်ခဲ့တဲ့ မာန်သွေးရင့် အဖေဖြစ်သူ လုပ်ခဲ့လား မလုပ်ခဲ့လားတောင်မသိလိုက်ဘဲ လက်စားချေဖို့ လက်ထပ်ခံရတဲ့ မိန်းကလေးငယ်တစ်ယောက်ဖြစ်တဲ့ ...