Part 11

717 16 0
                                    

"ပီးပီလား သွားမယ်"

"ဟိုလေ ခုကဘယ်သွားမှာလဲ"

"ဟိုရောက်ရင်သိလိမ့်မယ်"

"ဟုတ်ကဲ့"

ဟူး ခက်လိုက်တာကွာ သူမအနားရောက်တိုင်း ၀ဲဘက်ရင်အုံကကောင်ကခုန်ခုန်နေတာ ဘာလို့မှန်းမသိဘူး။သူမက အဖြူရောင် ချည်သားဂါ၀န်လေးနဲ့  ကလေးလေးတစ်ယောက်သဖွယ် သူမကဟုတ်ပါတယ် ချောတယ်လို့ပြောလို့မရဘူး လှတာ အရုပ်မလေးလိုလှပီး ချစ်စရာကောင်းတာ အဲ့ဒီမျက်၀န်းလေးတွေ နူးညံ့ကြင်နာတတ်တဲ့ မျက်၀န်းလေးတွေ အရမ်းတောက်ပတယ် ဟိုးငယ်ငယ်လေးကတည်းက သူမရဲ့မျက်လုံးတွေကအရမ်းလှတယ်။နှာခေါင်းလုံးလုံးလေးက ကိုက်စားချင်စရာ နှုတ်ခမ်းလေးကနှင်းဆီဖူးလေးလို ရဲရဲလေး တစ်ကယ်ပါ ဒီကလေးမလးက တကယ့်အရုပ်လေး။

"ဟို ဘာကြည့်နေတာလဲ မျက်နှာမှာတစ်ခုခုပေနေလို့လား"

"မဟုတ်ပါဘူး ဒီတိုင်းပျင်းလို့"

"အော်.."

"ရောက်ပီ "

"ဒါက "

"လာပါ"

ဆေးရုံတစ်ခု ပီးတော့ VIPအခန်းထဲမှာ ငြိမ်သက်စွာအနားယူနေတဲ့ မေမေ ။အရမ်းအံ့သြသွားတယ် မေမေ့ဆီကို မလာရတော့ဘူးထင်သွားတာ သူ့ကိုအရမ်းကျေးဇူးတင်ပါတယ် မေမေ့ကိုခုလိုထားပေးလို့ ကြည့်ပါအုံး မေမေက အတော်လေးပိန်သွားပင်မယ့် ခုချိန်ထိလှတုန်းပဲ မြန်မြန်ပြန်နိုးလာပါမေမေ သမီးအရမ်းလွမ်းတယ်။မေမေ့ကိုရုတ်တရက်တွေ့လိုက်ရတော့ အရမ်း၀မ်းနည်းပီးငိုချမိတယ်။

"ဟင့် မေမေ ဟင့် အီးဟီးးးး"

"မငိုပါနဲ့ မင်းအမေပြန်ကောင်းလာပါမှာ မငိုနဲ့"

"ကျေးဇူး ဟင့် တင်ပါတယ် အဟင့်"

"မလိုပါဘူး ငါ့တာ၀န်ပါ မငိုနဲ့တော့"

"မေမေက ပြန်သက်သာလာမှာလား"

"အင်း ရာခိုင်းနှုန်းများပါတယ် သက်သာမှာပါ အချိန်တစ်ခုပဲလိုတာပါ"

"အင်း "

တကယ်ပါ ကိုယ်လဲအတတ်နိုင်ဆုံးကောင်းကောင်းထားပေးထားတာပဲ ချက်ချင်းပြန်နိုးလာအောင်လုပ်ပေးဖို့ကလဲ ကိုယ်က ဖန်ဆင်းရှင်မဟုတ်တော့ခက်သား။

TOXIC💔Tempat cerita menjadi hidup. Temukan sekarang