Part 17

576 27 3
                                    

ခြံ၀င်းအပြင်ကနေ အဆက်မပြတ်ဟွန်တီးနေတဲ့ ကားကြောင့် ဦးပွား အမြန်အပင်ပြေးကာ ခြံတံခါးသွားဖွင့်ရသည် တစ်ပြိုင်နက်အတွင်း သခင်ကြီးလာတာကိုပါသိလိုက်ရသည်၊

"သခင်ကြီးလာတယ်"

"အင်း  ဒေါ်မြ  ဟိုကောင်ရော"

"သားမာန်က ဆေးရုံသွားတယ် သွန်း ရှိတယ် ခေါ်ပေးရမလား"

"အင်း နေပါစေ ကျုပ်လဲနားအုံးမယ် ဒီရက်ပိုင်း စံအိမ်ကိုလွမ်းလို့ ခနပြန်လာနေတာ"

"သြော် ဟုတ်ကဲ့ပါ သခင်ကြီး သခင်ကြီးအခန်းကို အမြဲသန့်ရှင်းရေးလုပ်ပါတယ် ခုလဲအနားယူမယ်ဆို အဆင်သင့်ပါပဲ"

"အင်း ဒါဆို မောင်တူးကပဲ ပစ္စည်းတွေအခန်းထဲလိုက်ပို့တော့နော် "

"ဟုတ်ကဲ့ပါ သခင်ကြီး"

ဦးမာန်သစ်လဲ အနားယူဖို့ အပေါ်ထပ်ကိုတက်လာချိန် ကဗျာသီ ဆင်းလာတာနဲ့တည့်တည့်ကိုတိုးသည်၊ ဒီမိန်းကလေး ၀တ်ထားတာလဲ အမြဲ တိုနန့်နန့်နဲ့ ခေတ်ကိုနားလည်ပေမယ့် ခေတ်ရှေ့ပြေးတာကိုတော့ မျက်လုံးထဲကန့်လန့်၊

"အော် အန်ကယ်ရောက်နေတာလား အလည်လာတာလား"

"ငါ့အိမ်ကို ငါလာခွင့်မရှိဘူးလား"

"အာ မဟုတ်ပါဘူး သီက ဒီတိုင်းမေးလိုက်တာပါ"

"သွားမယ် မောင်တူး"

ဟမ့် ဘယ်လိုအဘိုးကြီးလဲမသိဘူး ကိုယ့်ဘာသာဟိုစံအိမ်မှာမနေပဲ ဒီကိုဘာလာရှုပ်ပြန်ပီလဲမသိဘူး၊ရှေ့လျှောက်ပြဿဒါးနေ့တွေဆက်တိုက်ကြုံနေရတော့မှာ မဖြစ်တော့ဘူး ခံစစ်ပြင်ထားရတော့မယ်၊

********

"ဇာလီ  နင်ကလဲ မပီးနိုင်ဘူး"

"ပီးပါပီ မိုးရဲ့ သွားမယ်သွားမယ်"

မယ်ဇာ့ ကိုစောင့်နေရတာနဲ့ သွန်း ဆီသွားဖို့ကိုနောက်ကျနေပီ၊ သွန်းကိုတွေ့ရတော့မယ် အဆင်ပြေမှာပါ ပိုင် ပြောပုံအရဆို ကိုမာန်သွေးရင့်က ပိုပီးသနားစရာကောင်းနေတယ် ၊တစ်ခုရှိတာက လွန်ခဲ့တဲ့၃နှစ်က အက်စီးဒန့်ဖြစ်တာဆိုတော့ ကိုမာန်သွေးရင့်က သွန်း ကယ်ခဲ့တဲ့တစ်ယောက်များဖြစ်နေမလားမသိဘူး ၊ အဲ့ကိစ္စကို ပိုင် နဲ့ပေါင်းပီးစုံစမ်းမှရမယ်

TOXIC💔Tahanan ng mga kuwento. Tumuklas ngayon