Part 27

143 5 0
                                    

"မောင် မမလိုက်လာရမလားဟင် သူများဖြစ်တာရောဟုတ်ရဲ့လား မောင်တစ်ခုခုဖြစ်တာကို မမစိတ်ပူမှာစိုးလို့ လိမ်ပြောနေတာမလား"

"ဟောဗျာ မမရယ် အတွေးလွန်တတ်ပါသကော မနက်ကျ စောစောလာခဲ့ဟုတ်ပီလား အဲ့ကျမမတွေ့ရလိမ့်မယ် တကယ်ပြောတာပါဗျ"

"အင်းပါ မနက်ကျရင် မမ စောစောလာခဲ့မယ်နော်"

"ဟုတ်ပါပီဗျာ ခုတော့အိပ်တော့နော် အာဘွား ချစ်တယ်နော်"

"ဟုတ် မမကလဲ ချစ်တယ်နော် အာဘွား"

ဟူး တဖြေးဖြေးနဲ့တစ်နာရီတောင်ကျော်လာပြီ ဒီကလေးကခုထိကို သတိမရသေးဘူး။ခက်ပါရော သွေးသားမတော်ပေမဲ့ စိတ်ထဲမှာရင်းနှီးနေမိတာရေစက်များလား။

*ကျွတ် ကျွတ် အ့ ကျစ်*

"ဟင်  မင်းသတိရလာပြီလား ခနနော် ကိုယ်ဆရာ၀န်သွားခေါ်အုံးမယ်"

"ဟုတ်"

"ဒေါက်တာ အခြေအနေက"

"အင်း အရမ်းကြီးမထိခိုက်ပါဘူး ဒါပေမဲ့ တစ်ပတ်လောက်အိမ်မှာကောင်းကောင်းအနားယူရမယ်ထင်တယ် ကိုယ်ခံအားကောင်းအောင်လဲ အားရှိတဲ့အစားအစာတွေစားပေးရင်မြန်မြန်သက်သာပါတယ်"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

"ဒါဆို ခွင့်ပြုပါအုံး"

"ဟုတ်ကဲ့"

"ညီလေး ဘယ်လိုလဲနေရတာ အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ ထထချင်းနာပေမယ့် ခုကတော့အဆင်ပြေပါတယ်"

"ဒါနဲ့ ညီလေးက ဘယ်မှာနေတာလဲ"

"ကျွန်တော်က မိဘမဲ့ပါ ဂေဟာကနေ ထွက်လာခဲ့တာပါ ဒါနဲ့ အကို့ကို ကျေးဇူးတင်ပါတယ်ဗျာ"

"ရပါတယ်ကွာ ဆေးရုံကဆင်းတဲ့အခါ အကိုနဲ့လိုက်ခဲ့နော်"

"ဗျာ ရပါတယ်ဗျာ အခုတောင် ကျွန်တော့်ကြောင့် ပိုက်ဆံတွေကုန်နေပြီ "

"ဘာပဲဖြစ်ဖြစ်ပေါ့ကွာ ခနလောက်တော့လိုက်ခဲ့ပေါ့"

"မောင်"

"ဟင် မမ လာလေ "

"အော် ဒဏ်ရာရတာ ဒီကလေးလား"

"ဟုတ်တယ် မမရဲ့ ညီလေး ဒါကိုယ့်ရဲ့ဇနီးလေ"

TOXIC💔Tempat cerita menjadi hidup. Temukan sekarang