Part 31

881 11 2
                                    

"မောင်"

ခြံထဲမှာ စိတ်ပြေလက်ပျောက် ဟိုဟိုဒီဒီကြည့်ရင်း လမ်းလျှောက်နေတုန်း ကဗျာသီ့ခေါ်သံကိုကြားရတာမို့ နောက်လှည့်ကြည့်မိတော့ နွမ်းလျနေတဲ့ပုံစံနဲ့ သနားစရာကောင်းသည့်မျက်၀န်းများဖြင့် ကျွန်တော့်ကိုကြည့်နေသညိ။

"အင်း ပြောလေ နေမကောင်းလို့လား"

"ဟင့်အင်း နေကောင်းပါတယ် မောင့် ကိုပြောစရာရှိလို့ "

"ပြောလေ"

"မောင် သီ့ကိုမချစ်တော့တာလား မမလေးဆီကို စိတ်ရောက်နေတာလားဟင် အခုတလော မောင် သီ့အပေါ်ပြောင်းလဲနေတာ သီ ရိပ်မိပါတယ်"

"ခုချိန်မှာ ကိုယ်ကမှတ်ဉာဏ်ပျောက်နေတဲ့သူမို့ ဘယ်သူ့စကားကိုမှ အတည်မယူချင်သေးဘူး ကိုယ့်စိတ်ထဲမှာလဲ သားလေးက ကိုယ့်သားလေးလို့ခံစားရသလို သွန်းကိုတွေ့တိုင်းလဲ ကိုယ့်နှလုံးသားက ခုန်နေတယ်"

"အင်းပေါ့ မောင်တို့က သုံးယောက်အားပဲ သီ ပြိုင်မဆွဲနိုင်ပါဘူး...."

ပြောပြီးတာနဲ့ မာန့်စကားကိုနားမထောင်တော့ဘဲ ထွက်လာခဲ့သည်။မဖြစ်ရဘူး မာန်က ငါ့အပိုင်ပဲ မာန့်ကို မရရတဲ့နည်းနဲ့ကိုယူမှာ တစ်သက်လုံးအတိတ်မေ့သွားအောင် ဆေးတွေတိုက်ပီး ငါ့အနားမှာပဲထားမယ်။ငါဒီလောက်တော့အတ္တကြီးသင့်တယ်မဟုတ်လား ငါ့ဘ၀ကရစရာမရှိအောင်ကိုစုတ်ပြတ်သွားခဲ့တာ ခုလိုအခြေအနေရောက်ဖို့ ငါအများကြီးကြိုးစားထားရတာ လွယ်လွယ်နဲ့တော့ လုံး၀လက်မလျှော့ဘူး။

မာန်အိမ်ထဲ၀င်လာတော့ ကလေးကဂျီကျနေတာဖြစ်သည်။ တစ်အိမ်လုံး၀ိုင်းချော့နေတာပင်မရ ဘာဖြစ်တာလဲဆိုတာသိဖို့ ကလေးအနားထိလျှောက်ကာ ဆိုဖာပေါ်မှာထိုင်းလိုက်သည်။

"ဘာဖြစ်တာလဲ ဒေါ်မြ"

"သခင်လေးက ထမင်းမစားချင်ဘူးတဲ့လေ ဘယ်လိုကျွေးကျွေးမရဘူး မနေ့ကလဲတနေကုန်မုန့်တွေပဲစားနေတယ် နေ့တိုင်းဆိုရောဂါရတော့မယ်"

"ဟုတ်လား သား ဘာလို့သားကလူကြီးတွေစကားနားမထောင်တာလဲ"

"တားတားမှ မချားယင်တာ"

TOXIC💔Tempat cerita menjadi hidup. Temukan sekarang