Part 1

958 16 0
                                    

"မေမေ"

"....."

"မေမေ"

"ဟင် အာ သမီး ပြောလေ"

"ဘာတွေတွေးနေတာလဲမေမေရဲ့ သမီးခေါ်နေတာကြာနေပီ"

"အော် ဘာမှမတွေးပါဘူးသမီးရယ်"

"ဟုတ်ပါပီ သမီးသင်တန်းသွားတော့မယ်နော်"

"အေးအေး သမီးလေး ဂရုစိုက်နော်"

"ဟုတ်မေမေ"

"ဟဲ့ မိမှုန် ဘာလို့ကြာနေတာလဲ"

"ဘာမိမှုန်လဲ မေမိုးနော်"

"စတာပါအချစ်ကလေးကလဲ လာလာဇာလီ့ကိုသွားခေါ်ကြမယ်"

"အင်း"

*******

"သခင်လေး နောက်လဆို မြန်မာပြည်ပြန်ရတော့မှာပါ"

"အင်း ငါသိတယ် "

"သခင်ကြီးကို အသိပေးရ..."

"မလိုဘူး ငါ့အိမ်ငါပြန်တာ"

"ဟုတ်ကဲ့"

"သီ့ကို ခေါ်ခဲ့မှာလား"

"အင်း သူက ဒီနှစ်ပိုင်းအတွင်း ငါ့အပေါ်အတော်လေးကောင်းခဲ့တာမို့ ခေါ်ခဲ့မှာ"

"ဟုတ်ကဲ့ပါ"

တွေ့ကြတာပေါ့ ရွှေမှုံသွန်းရယ် ဒီအချိန်ရောက်ဖို့ ငါဘယ်လောက်တောင် စောင့်ခဲ့ရလဲ။ငါ့မေမေအတွက် မင်းတို့အားလုံးပြန်ပေးဆပ်ရမယ်။ငါမလာခင် တစ်၀ကြီးပျော်ထားကြပေါ့ အဟက်။

ring ring ring

"ဟယ်လို"

"ဟယ်လို  မာန် နောက်လမြန်မာပြည်ပြန်မှာဆို သီ့ကို ထားခဲ့တော့မှာပေါ့"

"ကိုယ်မင်းကိုပါ ခေါ်မှာပါ အဆင်သင့်ပြင်ထားလိုက်"

"ဟမ် မာန်တကယ်ပြောတာလားဟင်"

"အင်း"

"ဒါပေမဲ့ မာန်ကလက်ထပ်မှာဆိုတော့..."

"အဲ့ကိစ္စအတွက်ဆိုရင်တော့ မပူပါနဲ့ အဲ့အကြောင်းလဲ မင်းသိသားနဲ့"

"ဒါတော့ဒါပေါ့ သီကကျဘယ်လိုနေရမှာလဲလို့ "

"မင်းကိုအရေးပေးမှာပါ"

"အဲ့တာကြောင့် မာန့် ကိုချစ်နေရတာ ဟီး"

"အင်း ဒါပဲ"

TOXIC💔Onde histórias criam vida. Descubra agora