"မာန် ဒီလိုလေးဆိုရင်ရော ဒီလိုဒီဇိုင်းက မြန်မာနိုင်ငံမှာမရှိသေးဘူးလေ "
"အင်း မဆိုးဘူး တခြားဟာတွေထပ် ပိုအဆင်ပြေတယ် ပါးပါးလေးဆိုတော့ လူတိုင်းကြိုက်ကြမှာ ပေါ့ပေါ့ပါးပါးလေးပေါ့"
"ဟုတ်တယ် မာန်ရဲ့ မိန်းကလေးတွေဆိုပိုကြိုက်ကြမှာ"
"အင်း မနက်ဖန် အစည်းအဝေးမှာ သေချာရှင်းပြပီးတာနဲ့ တန်းထုတ်လုပ်မယ်"
"ကောင်းတာပေါ့"
"ဟုတ်ပါပီ နေ့လည်ထမင်းစားချိန်တောင်ကျော်နေပီ ကိုယ်တို့ အပြင်သွားစားကြမယ်လေ"
"ဟုတ်ကဲ့"
ရုံးခန်းထဲက ထွက်ထွက်ချင်း မာန့်လက်ကိုတွဲကာ ခေါင်းမော့ပီးလမ်းကိုလျှောက်တော့ ၀န်ထမ်းအားလုံးက အထူးအဆန်းကြည့်နေကြသည်။ဒီလိုပဲ ဖြစ်နေရမှာပေါ့ မာန်ကငါ့အပိုင် ငါကဒီကုမ္ပဏီရဲ့ သူဌေးကတော်ပဲဖြစ်ရမှာ။
"ဟဲ့ အဲ့မိန်းမက ငါတို့သူဌေးနဲ့ တစ်အိမ်ထဲနေတာတဲ့"
"အေးဟ သူဌေးရဲ့ ချစ်သူထင်တယ်"
"ဟဲ့ ငါကြားတာတော့ သူဌေးမှာမိန်းမရှိတယ်တဲ့"
"ဟုတ်တယ် ငါလဲအဲ့လိုကြားတယ် ဒါပေမဲ့ သူဌေးက သူ့မိန်းမကိုမချစ်ဘူးတဲ့"
"အဟမ်း မစုစုတို့ အရမ်းအားနေကြတယ်ထင်တယ်"
"ဟမ် ကိုပိုင်ခန့် သူ သူဌေးကိုပြန်မတိုင်ပါနဲ့နော်"
"ကိုယ့်အလုပ်ကိုလုပ်ပါ နေရာတကာပါတာမကောင်းဘူး"
"ဟုတ်ကဲ့ပါ"
*******
"ကြီးမြ ဘာတွေချက်နေတာလဲ သမီးကူမယ်လေ"
"ရပါတယ် သွန်းလေးရယ် ကြီးမြက မုန့်ဟင်းခါးချက်မလို့ သမီးရဲ့ "
"ဟာ ဟုတ်လား သမီးအများကြီးစားမှာနော်ကြီးမြ"
"ဟုတ်ပါပီ စားပါရှင် စားပါ ခုတော့ သွားထိုင်နေနော်"
"သမီးကကူလုပ်ချင်တာ"
"နေပါ သွန်းလေးရယ် သမီးက သိပ်နေကောင်းတာမဟုတ်ဘူး"
"ကဲ ဟုတ်ကဲ့ပါ ကြီးမြရယ် သမီးခြံထဲလမ်းလျှောက်လိုက်အုံးမယ်"
YOU ARE READING
TOXIC💔
Humorအမေဖြစ်သူကို သတ်ခဲ့တဲ့လူရဲ့ သမီးကို ကလဲ့စားချေဖို့ မိန်းကလေးတစ်ယောက်ကို မချစ်ဘဲလက်ထပ်ခဲ့တဲ့ မာန်သွေးရင့် အဖေဖြစ်သူ လုပ်ခဲ့လား မလုပ်ခဲ့လားတောင်မသိလိုက်ဘဲ လက်စားချေဖို့ လက်ထပ်ခံရတဲ့ မိန်းကလေးငယ်တစ်ယောက်ဖြစ်တဲ့ ...