Part 4

756 14 0
                                    

"အစည်းအဝေးကစနေပီ ဘာလဲလူမစုံတာလား"

"ဟုတ်တယ် မောင်မာန်သွေးရင့် သူတို့ကအမြဲနောက်ကျနေကျ"

"အဟမ်း ခွင့်ပြုပါ"

"မထိုင်နဲ့"

"ဟမ် "

"ဒီအစည်းအဝေးခန်းထဲမှာ ရှိတဲ့လူအကုန်လုံးက ခင်များတို့ကိုစောင့်နေရတာ အဲ့အတွက် အလျော်အစားက ခင်များတို့ အစည်းအဝေးပီးတဲ့အထိ မတ်တပ်ရပ်နေ"

"ဘာကွ ဦးမာန်သစ်သားက အတော်ရိုင်းပါ့လား လူကြီးကိုလူကြီးမှန်းမသိ.."

"လူကြီးကလူကြီးလိုနေ စည်းကမ်းကိုလူတိုင်းလိုက်နာရမှာ "

"ဟ နာရီ၀က်တောင်မဟုတ်ဘူး ၁၅မိန်စ်ပဲနောက်ကျတာလေ"

"အဲ့၁၅မိနစ်မှာ လုပ်ရမယ့်အလုပ်တွေက လျော့သွားပီလေ ပီးတော့ အဖေဆိုရင်လုပ်ရင်လုပ်ရမယ် ကျုပ်ဦးစီးနေချိန် ဘယ်သူမှ အဲ့လိုလုပ်ခွင့်မရှိဘူး"

"ဒီမှာမောင်မာန်သွေးရင့် ဦးတို့ကဒီကုမ္ပဏီရှယ်ရာတွေအများဆုံးပိုင်ဆိုင်ထားတာမေ့နေပီလား"

"မမေ့ပါဘူး ရှယ်ရာများတိုင်းစည်းကမ်းဖောက်တာကို ခွင့်ပြုထားရမှာလား ပီးတော့ အဲ့ရှယ်ရာတွေ ကျုပ်၀ယ်ပီးပီ"

"ဘယ်လို"

"ဒီနေ့ကစပီး ကျုပ်ကဒီYM Groupရဲ့ CEOအဖြစ် အုပ်ချုပ်မှာမို့ လက်မတွဲချင်တဲ့သူတွေ အခုကတည်းကထွက်သွားကြပါ လက်တွဲချင်တဲ့သူတွေ နေခဲ့ကြ ပီးရင် အစည်းအဝေးစမယ်"

*********

ring ring ring

"ဟယ်လို"

"ဟယ်လို မေမိုး"

"နင်ဘယ်တွေရောက်နေတာလဲ ငါဖုန်းခေါ်တာလဲမကိုင်ဘူး"

"ငါ့ဖုန်းစက်ပိတ်နေလို့ပါ"

"နင်ဘာတွေလုပ်နေတာလဲ သွန်း"

"ငါနင့်ကိုပြောစရာတွေအများကြီးရှိတယ်"

"ငါတို့တွေ့ကြမလား"

"ဟင့်အင်း ငါဖုန်းထဲကပြောပြမယ်"

"အင်းပြော"

သွန်း အသံကြားရတာစိတ်မကောင်းဘူး အသံကအားမရှိသလိုဘဲ ပီးတော့ ဟိုလူ သွန်းကိုဘာတွေနှိပ်စက်အုံးမယ်မသိဘူး သွန်းရဲ့ ဘ၀ကလဲ လှုပ်လေမြုပ်လေဖြစ်နေပါ့လား။

TOXIC💔Where stories live. Discover now