Part 15

610 26 1
                                    

"ဒေါက်တာ ကျွန်တော့် သူဌေး"

"မစိုးရိမ်ပါနဲ့ စိတ်မထိန်းနိုင်လို့ဖြစ်သွားတာပါ ဒဏ်ရာတွေကတော့ ၂ပတ်လောက်နေရင် အနာကျက်ပါပီ တစ်ခုရှိတာက စိတ်ချမ်းသာအောင်ထားပါ သူ့အခြေအနေကပုံမှန်ဆို ပြန်ကောင်းသင့်နေပီ နောက်နေ့ကျစစ်ဆေးဖို့လိုလိမ့်မယ် ကျွန်တော် သံသယ၀င်နေတာရှိလို့ပါ"

"ဘာကိုလဲဒေါက်တာ"

"သူ့ခန္ဓာကိုယ်ထဲမှာ ဆေးတစ်မျိုးမျိုးရှိစေနိုင်တယ် သူ့ကကားမတော်တဆဖြစ်ပြီး မှတ်ဉာဏ်တစ်ချို့ပျောက်သွားတယ်မလား အဲ့မှတ်ဉာဏ်ပြန်မရနိုင်တဲ့ဆေးလို့ ထင်တယ် ခုတော့မရသေးဘူး လူနာစိတ်အခြေအနေကောင်းသွားရင် စစ်ကြည့်စေချင်တယ်"

"ဟုတ်ကဲ့ပါ"

ပိုင်ခန့်လဲ သူဌေးကို အိမ်ပြန်ပို့ ဆေးတိုက်ပီး အိပ်ပျော်သွားမှ နားရတော့သည်၊ တနေကုန်ပင်ပန်းထားတာမို့ လူကမလှုပ်ချင်လောက်အောင်ပင်ပန်းနေသည် သွေးလဲပေးထားရတော့ လူကနုံးချိနေသည်၊ မအိပ်ခင် သခင်မ သူငယ်ချင်းတွေကိုဖုန်းဆက်အသိပေးရမည်၊

"ဟယ်လို"

"ဟယ်လို ကိုပိုင်ခန့်"

"မိုး ကျွန်တော်ပြောစရာရှိလို့"

"ဟုတ်ကဲ့"

"သခင်မ ဆေးရုံတက်နေရတယ် ခုတော့မစိုးရိမ်ရတော့ပါဘူး မိုးတို့ကို အသိပေးတာပါ"

"ရှင်! သွန်း သွန်းငယ်ကဘာဖြစ်တာလဲဟင် ဘယ်ဆေးရုံမှာလဲ"

"ပန်းနန်းတော် ဆေးရုံမှာပါ အရမ်းစိုးရိမ်မနေပါနဲ့ ကျွန်တော်ကအသိပေးတာပါ"

"ဟုတ်ကဲ့ပါ ဒါနဲ့ ရှင် ရှင်ရော ဘာဖြစ်သေးလဲဟင်"

"ဗျာ"

"အော် ဘာမှမဟုတ်တော့ဘူး ဒါပဲနော်"

ကိုယ့်ကိုစိုးရိမ်နေတာ ကိုယ်ကမသိပဲနေမလားအချစ်ရဲ့.....

ဟာ ငါကလဲ ဘာတွေသွားမေးနေမှန်းလဲမသိဘူး ဘာမှလဲမဆိုင်ပဲနဲ့ကို ရှက်စရာကြီး ရှက်လိုက်တာ၊ ဒါနဲ့ မနက်ဖန် သွန်းငယ်ဆီသွားရမယ် ဘယ်လောက်အားငယ်နေရှာမလဲ ငါတို့ကလေးလေးရယ်

TOXIC💔Where stories live. Discover now