Part 30

228 3 2
                                    

ဘာလိုလိုနဲ့ ကိုကို့မှတ်ဉာဏ်တွေဆုံးရှုံးထားတာ ၂လတောင်ပြည့်ပြီ။ကိုကိုကအခုထိဘာကိုမှမမှတ်မိသေးဘူး အဲ့ဒီအပြင် ဟိုမိန်းမရဲ့စကားတိုင်းကိုယုံနေတော့ ပိုဆိုးသည်။

"မေမေ့"

"သားလေး ဗိုက်ဆာပြီလား"

"ဟုတ်၀ူး သားသား တွားချော့ချင်ယို့"

"ဟင် သားကဘယ်ကိုသွားဆော့မှာလဲအပြင်မထွက်ရဘူးနော်"

"ထွက်ပါ၀ူး ခြံထဲမှာဘောလုံးကန်မို့"

"ဟုတ်ပါပီ ဂရုစိုက်နော် လဲမယ်"

"ဟုတ် မွ"

"ဟင်း အချွဲလေး"

*****

"လျှံလေး မမဘက်ကိုပြန်ကန်"

ဖောင်း!!

"အမလေး *တောက်*စောက်ကလေး လူလာနေတာမပြင်ဘူးလား နာလိုက်တာ"

"တေတေ တိုတိုယေး၀တ်ထားတာနဲတောင်နဲသေးယယ်"

"ဘာ နင်ကတော့သေတော့မှာပဲ အင့်ဟယ် အင့်ဟယ်"

"မကဗျာသီ လုပ်တာလဲကလေးကို မတော်တဆဖြစ်တာပဲဟာ ခုလောက်ထိလုပ်ဖို့မလိုပါဘူး"

"အိမ်ဖော်မ နင်ကဘာ၀င်ရှည်တာလဲ"

"အီး ဟီး အီး မေမေရေ အီး ဟီး"

သွန်း သားလေးစားဖို့ မုန့်လုပ်နေတုန်း သားသားရဲ့ငိုသံကြောင့် ခြံထဲအပြေးသွားလိုက်တော့ မိကြူရင်ခွင်ထဲမှာငိုနေတဲ့ သားသား။

"ဟယ် သားလေး လာလာမေမေ့ဆီ"

"မိကြူဘာဖြစ်တာလဲ"

"လျှံလေးနဲ့မိကြူက ဘောလုံးကန်နေတာပါ မကဗျာသီလာတာကိုမမြင်ဘူး လျှံလေးက ကလေးဆိုတော့ မိကြူဘက်ရောက်အောင်မကန်နိုင်ဘူးလေ ဘေးဘက်ရောက်သွားတာအဲ့အချိန်မကဗျာသီထွက်လာတာနဲ့ ကွက်တိဖြစ်သွားတာ"

"အဲ့တာ လျှံလေးကိုမကဗျာသီကဆူတော့ သေသေ တိုတိလေး၀တ်ထားတာနဲတောင်နဲသေးတယ်လို့ပြောလိုက်တာနဲ့ မကဗျာသီက လျှံလေးဆီသွားပီးရိုက်လိုက်တာ"

"မေ့ ဟင့် တားတား ဖင်ကိုရိုက်တာ"

"ပြပါအုံးမေမေ့ကို "

TOXIC💔Tempat cerita menjadi hidup. Temukan sekarang