Part 5

1.9K 36 0
                                        

"သူဌေး "

"အင်း ပြော"

"ဒါက ပရော့ဂျက်အသစ်ပါ"

"အင်း ထားခဲ့ ဒီဇိုင်းပိုင်းအတွက် သီ့ကိုခေါ်ဖို့လုပ်ထားတယ် သူကကျွမ်းပီးသားဆိုတော့"

"ဒါဆို  မကဗျာသီက သူဌေးနဲ့အလုပ်အတူလုပ်ရတော့မှာပေါ့"

"ဟုတ်တယ်  လက်စွပ်ဒီဇိုင်းထုတ်ဖို့ အကြံပေးတစ်ယောက်ကို ၀န်ထမ်းထဲရွေးထားပေး မနက်ဖြန် စဆွဲမှာမို့"

"ဟုတ်ကဲ့ပါ"

"မင်း မုန့်ဖိုးရှိသေးလား"

"ကျန်ပါသေးတယ် နည်းတော့နည်းနေပီ"

"အင်း ဒီလကုန်ထိတော့သုံးရသေးတယ်မလား နောက်လမှ ထုတ်ပေးမယ်"

"ဟုတ်ကဲ့"

**-*******

မိကြူ စိတ်ကူးယဥ်ရင်း ခြံထဲကအပင်တွေရေဖြန်းနေတုန်း ခြံရှေ့ကအမတစ်ယောက်လှမ်းခေါ်လို့ အပြေးသွားရသည်။

"ညီမ ညီမ"

"ဟုတ်ကဲ့ ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင်"

"ဟို သွန်း  ရွှေမှုံသွန်းနဲ့တွေ့ချင်လို့ပါ အမက သူ့သူငယ်ချင်းပါ"

"အော် သခင်မရဲ့သူငယ်ချင်းလား လာပါ အမ"

"ဟုတ်ကဲ့ပါ"

မေမိုးဖြူ  သွန်းကို စိတ်ပူနေတာမို့ သွန်းပြောတဲ့လိပ်စာအတိုင်းလာရှာခဲ့တာ။တကယ်ကိုကြီးတဲ့အိမ်ဘဲ ခြံ၀န်းကလဲအကျယ်ကြီး တိုက်ကြီးကလဲ အကြီးကြီး မာဖီးယားနေတဲ့တိုက်ကြီးကျနေရော အစေခံတွေကလဲပေါ သွန်းက မင်းသမီးလိုနေရမှာပါ  ဒါပေမဲ့  ယောက်ျားကတော့ နှိပ်စက်နေမှာ။

"မေမိုး"

"သွန်း"

"ဟင့် မေမိုး "

သွန်း ငိုချမိပါပီ သွန်းမှာ မေမိုးနဲ့ဇာလီပဲရှိတာ  ခုချိန်ထိသူတို့ကပဲ သွန်းအပေါ်စစ်မှန်တဲ့မေတ္တာတွေပေးခဲ့တာ ။

"သွန်း မငိုနဲ့နော် ငါရှိပါတယ်ဟ ဇာလီ့ကို သက်သက်မခေါ်ခဲ့တာ နောက်မှခေါ်ခဲ့မယ်နော်"

"ရပါတယ်ဟာ နင်လာတာကို ငါအရမ်း၀မ်းသာနေပီ"

"သွန်း နင်အလက်ဂျစ်တွေဖိထားတာလား ပင်လယ်စာတွေစားပြန်ပီလား"

TOXIC💔Where stories live. Discover now