Part 26

263 5 0
                                    

"ကိုကို သူများတွေက ကလေးတွေတောင်ရနေပြီ ကိုကိုကဘာလဲ တစ်သက်လုံး လူပျိုကြီးဘဲလုပ်တော့မှာလား"

"ဟော ငါ့ညီမရယ် ကိုကိုကမှ မယူချင်တာကို"

" ခုထိ မမသွန်းကို သဘောကျနေတာလားဟင်"

"ညီမလေးရယ် ကိုကိုက ဘ၀မှာတစ်ခါပဲချစ်တယ် ရူးတယ်ပဲဆိုဆို ကိုယ်ကသူ့ကိုမြတ်နိုးတာမို့ တစ်သက်လုံး သူ့ကိုပဲချစ်သွားမှာပါ"

"ကိုကိုရယ် သူကသူများအပိုင်လေ"

"အဲ့လိုဆိုတာနဲ့ပဲ ကိုကိုက မချစ်ရတော့ဘူးလား ဒါလေးတော့ခွင့်ပြုပေးပါ မပိုင်ဆိုင်ရပေမယ့် တစ်သက်လုံးတော့ရင်ထဲမှာသိမ်းထားပါရစေ"

"ဟုတ်ပါပီ ကိုကိုရယ် ညီမလေးလဲ ပြန်တော့မယ် ဒီချိန်ဆို ကိုဖြိုးလဲ အလုပ်ကပြန်လာနေလောက်ပြီ"

"ကိုကိုလိုက်ပို့ပါ့မယ် ညီမလေးမှာက ကိုယ်၀န်နဲ့ဆိုတော့ စိတ်မချဘူး"

"ရပါတယ် ကိုကိုကလည်း"

"မရနဲ့မယ်မင်းကြီးမရေ လိုက်ပို့မယ် ငဖြိုးနဲ့လဲစကားပြောရတာပေါ့"

"ကဲ ဟုတ်ပါပြီ ကိုကို့သဘောပါရှင်"

********

"သခင်လေး စားရမယ်လေနော်"

"အင်း ဟင့် ဟင့် ဒယ် ဒယ်"

"ဒါလေးအရင်စားလိုက်နော်"

"အင်း ဟင့် ဟင့် ၀ူး "

"ဟယ် ဘာတွေဖြစ်နေတာလဲ"

"မမလေး သခင်လေးက ထမင်းမစားဘူးတဲ့ ဘာမှလဲကျွေးမရဘူး တစ်မနက်လုံးလဲဂျီကျနေတာ "

"အင်း ထားခဲ့လိုက် ငါပဲကျွေးလိုက်တော့မယ်"

"ဟုတ်ကဲ့"

"သား တီတီကြူကျွေးတာကိုဘာလို့မစားတာလဲလာစားမယ်"

"ဟင့် ချား၀ူး ဒယ် ဒယ် ဟင့်"

"ဟင် ဘာရီး "

"ဟင့် အီးး ၀ူးး"

"ဟယ် သားလေးမငိုနဲ့လေ ပြောမေမေ့ကိုပြော သားက ဘာဖြစ်ချင်တာလဲ"

"ဒယ်ဒယ့်ရှီ ဟင့်"

"အော် သားက သားဖေဖေဆီ သွားချင်တာလား ဖေဖေကအလုပ်မှာလေသားရဲ့"

TOXIC💔Where stories live. Discover now