Part 8

527 13 3
                                    

"သခင်ကြီး ခေါ်တယ်ဆိုလို့ပါ"

"အင်း ဟုတ်တယ် ငါ့ချွေးမလေးဆီကို သွားမလို့ အခုချိန်ဆို ဘယ်လိုတောင်နေနေရမလဲ မသိဘူး"

"ဖြစ်ပါ့မလား သခင်လေးက"

"သူက ငါ့သားပါ သူအဲ့လောက်မရိုင်းပါဘူး"

"ခုလား"

"ဟုတ်တယ်"

"သခင်ကြီးလာတယ်"

"အင်း ဒေါ်မြ  သားရော"

"သခင်လေးက ကုမ္ပဏီသွားတယ် သခင်မပဲရှိတယ်"

"အင်း ခေါ်လိုက်အုံး ချွေးမလေးကို"

"ဟုတ်"

အိမ်က အတော်လေးစိုပြေနေတာပဲ မိန်းကလေးရှိလို့ထင်ပါရဲ့ ဘယ်လိုပဲသူ့အဖေက ပြစ်မှုကျူးလွန်ထားပါစေ ပီးခဲ့တာတွေက ပြန်ပြင်လို့မရဘူးလေ။

"သခင်ကြီး"

"သမီး ထိုင်လေ ရပါတယ်ကွယ် ခေါ်တတ်သလိုခေါ်ပါ"

"ဟုတ်ကဲ့"

"သမီးရယ် ပိန်သွားလိုက်တာ သားက အတော်လေးဆိုးသလားကွယ်"

"သမီး အဆင်ပြေပါတယ် အော် ထမင်းစားသွားလေ "

"မစားတော့ပါဘူး "

"အော် မာန့်အဖေရောက်နေတာပဲ"

"သမီးက မာန့်ချစ်သူပါ"

"ဘယ်လို "

သားက ဘာတွေလုပ်နေပါလိမ့် ဘယ်လောက်ပဲမချစ်ဘူးဆိုနေပါစေ ကိုယ်ယူထားတဲ့မိန်းမအပေါ်မှာ သစ္စာရှိသင့်တယ်မလား။ပီးတော့ ဒီမိန်းကလေးက ညုတုတုနဲ့ ၀တ်ပုံစားပုံက ခေတ်ရှေ့ရောက်နေသည့်အပြင် အပြောအဆိုကပါ အထက်စီးဆန်သည်။

"အော် ဘယ်သူပါလိမ့်လို့ ခင်များရောက်နေတာကို"

"ငါမင်းနဲ့စကားပြောစရာရှိတယ်"

"ကျုပ်မှာ ခင်များနဲ့ဘာပြောစရာမှမရှိဘူး"

"ငါ့မှာရှိတယ် "

"ကျစ်! သီ အပေါ်တက်တော့"

"မင်း ဘာတွေလုပ်နေတာလဲ မာန်သွေးရင့် အိမ်ထောင်ရှိအမျိုးသားမှာ ချစ်သူဆိုတာမရှိသင့်ဘူး"

"ဟား ဟား ဟား ဟား ခင်များ မှာသာအဲ့လိုစိတ်ဓာတ်ရှိခဲ့ရင် ကျုပ်အမေ မသေခဲ့ဘူး ကျုပ်ကခင်များသားလေ အဟက် "

TOXIC💔Where stories live. Discover now