Part 12

750 15 0
                                    

"မင်းက ငါ့အိမ်ကိုလာရဲသေးတယ်နော်"

"အော် မာန် "

"မင်းဘာလုပ်ထားလဲသိတယ်မလား"

"အော် သားမာန်က သားရောင်နီပြန်ရောက်နေမှန်းသိတာလား"

"သိတာပေါ့ ကြီးမြရာ သားမသိတာဘာမှမရှိဘူး"

မာန်က သူလုပ်ထားတာတွေအားလုံးသိသွားပီထင်တယ်၊ မာန်က အရည်အချင်းရှိပေမယ့် ခုလောက်မြန်မြန်သူမှန်းသိသွားမယ်မထင်ဘူး၊မာန့်ကိုလျော့တွက်ထားမိသွားတယ် ၊ ဘယ်လိုနည်းနဲ့မဆို သွန်းကိုတော့မရရအောင်ယူမှာမို့ သေချာဂရုစိုက်ထားတော့ မာန်!

"ဒါနဲ့ ငါ့မိန်းမကိုလဲ ငါကသေချာဂရုစိုက်တာမို့ မင်းပူစရာမလိုဘူး"

"မင်းသာသေချာဂရုစိုက်ရင် သွန်းရဲ့လက်ကိုဓားနဲ့လှီးခိုင်းမှာမဟုတ်ဘူးလေ"

"ဘာကွ"

သွန်းကတော့ဘာလုပ်ရမှန်းမသိ သူတို့နှစ်
ယောက်ကြားဟိုကြည့်ဒီကြည့်နဲ့ ငြိမ်နေရသည်။
သူတို့နှစ်ယောက်ကြားဘာတွေဖြစ်ထားလဲမသိပေမယ့် သူတို့နှစ်ယောက်ကိုကြည့်ရတာ နှစ်ယောက်စလုံးရန်လိုနေပုံပဲ၊ ပီးတော့နှစ်ယောက်လုံးမတ်တပ်ရပ်ပီး စကားပြောနေကြတာ စကားပြောသံကလဲ သွန်း မကြားရ စိတ်ရှုပ်တာပါပဲ။

"မင်းသိထားရမှာက သွန်းက ငါ့အပိုင် အမြဲငါ့အပိုင် ထာ၀ရ ငါ့အပိုင်"

"ကိုယ့်အပိုင်ကိုတန်ဖိုးမထားရင် ဘာဖြစ်တတ်လဲသိလား"

ရောင်နီ သူ့နားကပ်ပီးတိုးတိုးလေးပြောလိုက်သည်။

အဟွန်း

မာန်က ရောင်နီ့ကိုခနဲ့သလို ပြုံးလိုက်ပီးမှ သွန်းအနားကိုသွားကာ ပုခုံးကိုဖက်လိုက်ပီး မေးလိုက်တယ်။

"သွန်းငယ် ကိုယ့်ကိုချစ်လား"

"ရှင်"

ရုတ်တရက် ချစ်လားအမေးခံရတော့ သွန်းကြောင်အသွားသည်။

"ချစ်လားလို့"

"ရှင် ချစ် ချစ်ပါတယ်"

ရောင်နီမျက်နှာပျက်သွားသည်။သွန်းကတော့ မျက်နှာလေးရဲနေပီး ခေါင်းကိုငုံ့ထားသည်။တကယ်ခံစားရတယ် ကိုယ်ချစ်ရတဲ့သူရဲ့ နှုတ်ခမ်းဖျားကနေ ကိုယ့်ရှေ့မှာတခြားသူတစ်ယောက်ကို ချစ်တယ်လို့ပြောလိုက်တဲ့ ခံစားချက်က ဘာနဲ့မှမလဲနိုင်အောင်နာကျင်ရတယ်။

TOXIC💔Where stories live. Discover now