Part 19

586 12 1
                                    

"သခင်ကြီး"

"အင်း"

"သခင်လေးကိုအသိပေးလိုက်ရမလား"

"သူသိပီးသားဖြစ်မှာပါ ဖြေးဖြေးပေါ့"

"ဟုတ်ကဲ့"

"ဒါနဲ့ အဲ့မိန်းကလေးကိုသေချာစောင့်ကြည့်ထား ငါ့ချွေးမလေးကိုမထိခိုက်စေနဲ့"

"ဟုတ်ကဲ့"

"အော် သမီးလာလေ ဘယ်လိုလဲသက်သာရဲ့လား"

"ဟုတ် သက်သာပါတယ်အဖေ ဒဏ်ရာတွေလဲကျက်နေပါပီ တချို့ဆိုကွာကျကုန်ပီ "

"အင်း အဖေပြောပြမယ် နောက်တခါ အဲ့ကောင်လုပ်သမျှငြိမ်ခံမနေနဲ့ အဲ့အရိုင်းအစိုင်းကောင်က သူ့ကိုလွှတ်ထားတာကို အကောင်းမှတ်နေတာ"

"အဲ့လိုလဲမဟုတ်ပါဘူး သူ့စိတ်အခြေအနေအရ သမီးကို လုပ်လိုက်မိတာပါ သူ့ကိုဘာမှမလုပ်ပါနဲ့နော်"

"သမီးရယ် သားအပေါ်မှာအတော်လေးသံယောဇဥ်ကြီးတာပဲ "

သွန်း ပြုံးသာနေလိုက်သည်၊ သံယောဇဥ်ကြီးဆို ဟိုးငယ်ငယ်ကတည်းက ကိုကို့ကိုချစ်ခဲ့ရသူပဲ ကိုကိုသာမသိတာ ကိုကိုမရှိတဲ့ နှစ်တွေမှာ ကိုကို့ကိုပဲ သတိရနေခဲ့တာ၊ ကိုကိုရှိတဲ့အရပ်ထိလိုက်သွားတဲ့အထိ ရူးရူးမူးမူးချစ်ခဲ့ရတာ ၊ကိုကိုကသာ စိမ်းကားနေတာပါ ၊

"အဟမ်း အတော်လေးပျော်နေတာပေါ့ ဟုတ်လား"

"ဘာကိုလဲ"

"နင်ကအခုထိနင့်နေရာကိုမသိသေးဘူးဘဲ"

"အဟင်းဟင်း တော်တော်ရီရတယ်နော် ရှင်ကသာ ကိုယ့်အဆင့်ကိုမသိတာ ဟမ်း ဘယ်သိမလဲ မွှန်နေတာကို "

"ဘာ နင်ဘာပြောလိုက်တယ် ကောင်မ လူပါး၀လို့ မာန်က နင့်ကို လက်စားချေဖို့သက်သက်ပဲ လက်ထပ်ထားတာ"

"ဟုတ်လား ဘာပဲဖြစ်ဖြစ်ကျွန်မကတရား၀င်မိန်းမလေ ဘာလဲ ရှင်ကဘာတွေမျှော်လင့်နေတာလဲ အငယ်အနှောင်းဖြစ်ရတာ ၀ါသနာပါတယ်နဲ့တူတယ် ရှင့်အစားပူလောင်လိုက်တာ"

"ဘာ ကောင်မ နင့်လိုမလောက်လေးမလောက်စားကများ"

"ဟမ်း အဲ့လို မလောက်လေးမလောက်စားကိုတောင် ရှင်မနာလိုနေရတာမဟုတ်လား"

TOXIC💔Donde viven las historias. Descúbrelo ahora