"သီ သီ သတိထားအုံးလေ"
"မာန် "
"အင်း ကိုယ်ရှိတယ် ခနပဲနော် ဆေးရုံသွားကြမယ်"
"ဟုတ်"
မာန် သီ့ဆီက ဖုန်းဆက်ဆက်ချင်းလိုက်လာခဲ့တာ ဒီနေရာက ခပ်လှမ်းလှမ်းရွာလေးတစ်ခုရှိပုံရပေမယ် ခုနေရာကတော့ တောဖြစ်နေသည်၊ လူသူကင်းမဲ့နေပီး သစ်ပင်တွေထူထပ်နေသည်၊ ဆိုးတာက သီက ချောက်ကမ်းပါးပေါ်ရောက်နေတာ မတော်လို့များပြုတ်ကျသွားရင် သူ့ကိုသူခွင့်လွှတ်နိုင်မှာမဟုတ်ဘူး၊ ခပ်မြန်မြန်မောင်းလာခဲ့တာ 45မိနစ်ခန့်ရောက်တော့ ဆေးရုံးကိုရောက်လာသည်၊ ဆေးရုံက မာန့်ကိုယ်ပိုင်ဖြစ်တာကြောင့်စိတ်ချရသည်၊သီ့ကို ပွေ့သွားပီးဆေးရုံအတွင်းသို အမြန်၀င်သွားလိုက်သည်၊ သီက ဖြူဖျော့နေပီး သတိမေ့နေတာမို့ မာန့်စိတ်တွေဂနာမငြိမ်၊
"boss"
"ခုချက်ချင်း လုပ်စရာရှိတာလုပ်"
"ဟုတ်ကဲ့ပါ"
မာန် ၀င်လာတာနဲ့ ဆေးရုံ၀န်ထမ်းကောင်လေးက ချက်ချင်းပြေးလာသည်၊သူ့ဘေးမှာလဲ လူနာတင်ကုတင်တွန်းလာတဲ့ တစ်ယောက်ပါတာမို့ သီ့ကို ကုတင်ပေါ်တင်လိုက်ပီး လုပ်စရာရှိတာလုပ်ဖို့ အမိန့်ပေးလိုက်သည်၊ မာန့် ခေါင်းတွေရှုပ်ထွေးနေသည် ၊သွန်းကို အလိုလိုက်ထားမိတာမှားသွားပီ
****
"သွန်း သေချာစဥ်းစားကျိပါအုံး ဘယ်နေမှာများကျန်ခဲ့လဲ"
"ငါ စဥ်းစားမရဘူးဟ ငါတို့ ပထမဆုံးသွားခဲ့တာက ocean"
"ocean ဆိုပေမယ့် နေရာအနှံ့လေ နင်ကအရမ်းမေ့တတ်တာပဲ"
"ဇာလီရယ် ငါမေ့တတ်တာ နင်လဲသိတာပဲ"
"အေးပါ ခုက ငါတို့ကအိမ်တောင်ပြန်ရောက်တော့မှာ ဘယ်လိုလုပ်ကြမလဲ"
Ring ring ring
"ဟယ်လို "
"ဟယ်လို ဟုတ်ကဲ့ ဖုန်းကောက်ရထားလို့ပါ တွေ့တဲ့နံပါတ်ခေါ်လိုက်တာဗျ"
"အာ ဟုတ်ဟုတ် ကျွန်မသူငယ်ချင်းဖုန်းပါ ဘယ်နားလာယူရမလဲရှင့်"
"ကျွန်တော်က အခု Smile Cafeမှာရောက်နေတာဗျ"
"အယ် ကျွန်မတို့လဲအဲ့မှာပဲရှင့် ရှင်ကဘာအရောင်၀တ်ထားတာလဲ"
![](https://img.wattpad.com/cover/354297545-288-k436658.jpg)
YOU ARE READING
TOXIC💔
Humorအမေဖြစ်သူကို သတ်ခဲ့တဲ့လူရဲ့ သမီးကို ကလဲ့စားချေဖို့ မိန်းကလေးတစ်ယောက်ကို မချစ်ဘဲလက်ထပ်ခဲ့တဲ့ မာန်သွေးရင့် အဖေဖြစ်သူ လုပ်ခဲ့လား မလုပ်ခဲ့လားတောင်မသိလိုက်ဘဲ လက်စားချေဖို့ လက်ထပ်ခံရတဲ့ မိန်းကလေးငယ်တစ်ယောက်ဖြစ်တဲ့ ...