Part 22

406 15 0
                                    

"အသဲ ကိုယ်တို့ပြန်ကြမယ်လေ"

"အိမ်လား"

"မဟုတ်ဘူး အခြားတစ်နေရာသွားကြမယ် အဲ့ဒီမှာက ပြင်ဆင်ထားတာအရမ်းလှတယ် "

"ဟင်း သဲငယ်က ဒီအင်္ကျီနဲ့ပဲလိုက်ရမှာလား တစ်နေကုန်၀တ်ထားတာကို"

"ဘာဖြစ်လဲကွာ ဒီလောက်လှနေတာကို ပဲများချင်နေတယ်ပေါ့"

"ကိုကိုကလဲ ကဲပါ သွားမယ်လာ"

"အင်း ပိုင်ခန့် ၀န်ထမ်းတွေကိုပြောလိုက်တော့ သွားကြမယ်"

"ဟုတ်ကဲ့ သူဌေး"

တစ်နာရီလောက်ကြာတော့ ကိုကိုပြောတဲ့နေရာကရောက်ပြီဖြစ်သည်၊ ကားပေါ်ကဆင်းဆင်းချင်း သတိထားမိတာက ဆိုင်ထဲ၀င်ရာလမ်းတစ်လျှောက် ဘေးမှာ ကျူးလစ်ပန်းအဖြူရောင်များနဲ့အလှဆင်ထားသည်၊ ဆိုင်ဆိုပေမယ့် မျက်ခင်းပြင်ပေါ်မှာသာ အကာအရံမပါဘဲ သဘာ၀ဆန်ဆန်ပြင်ဆင်ထားတာဖြစ်သည်၊ ပြီးတော့ ထူးခြားတာက ပွဲတစ်ခုခုရှိလောက်မည် ၊ပန်းတွေနဲ့ပဲအလှဆင်ထားပုံက ပွဲတစ်ခုခုရှိတာသိသာစေ၏။ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထဲမှာအရမ်းကိုကြည်နူးလန်းဆန်းနေတာတော့အမှန်ပဲ၊

"သဲငယ် သဘောကျရဲ့လား"

"အင်း အရမ်းလှတာပဲ ဟင် မိုး ဇာလီ"

"ဟုတ်ပါ့ရှင် ကျွန်မတို့လဲရောက်နေတာလေ ရှင့်ကိုကိုခေါ်ထားလို့"

"ဟုတ်လားကိုကို"

"အင်း လာပါ ထိုင်ရအောင်"

"ဟုတ်"

နေရာတကျထိုင်ပြီးချိန်တွင် ကိုကို့သူငယ်ချင်းတွေရောက်လာသည်။

"သွေး ဟေ့ရောင်"

"ဟာ မင်းခန့်လာ တေဇရော"

"ငါဒီမှာ"

"လာ ငါမိတ်ဆက်ပေးမယ် "

"သိပါတယ်ကွာ အနီနဲ့တစ်ယောက်က ရွှေမှုံသွန်းမဟုတ်လား အနေသာမနီးတာဖုန်းဆက်တိုင်းသူ့အကြောင်းပဲပြောနေတာ"

"ဟုတ်လားကိုကို"

"အင်း ဒါက ကိုယ့်သူငယ်ချင်း၂ယောက်လေ သူတို့ကUSမှာနေတာ ခုကအလည်လာကြတာ"

"သြော် "

"ကဲ ကဲ လုပ်စရာရှိတာလုပ်"

ထိုစားပွဲတွင်တော့ ဘာကိုမှနားမလည်သည့်အပြင် ဘာစကားမှမပြောဘဲထိုင်နေသူက ကဗျာသီဖြစ်သည်၊ တကယ်နားမလည်ပါ မာန့် မှာ သူငယ်ချင်းတွေရှိတာလဲခုမှသိရသည် မာန် ဘာတွေလုပ်နေလဲနားမလည်တော့ဘူး၊ ခုက ၀န်ထမ်းတွေရော သူ့သူငယ်ချင်းတွေရောခေါ်ထားတာ ဘာတွေလုပ်မယ်မသိဘူး၊

TOXIC💔Tahanan ng mga kuwento. Tumuklas ngayon