"မေမေတို့က ဘယ်မှာနေနေတာလဲဟင်"
"မေမေတို့က သားမာန်စီစဥ်ပေးထားတဲ့နေရာမှာနေတာသမီးရဲ့ အကုန်ပြည့်စုံပြီး မိန်းကလေးအကူ၂ယောက်ရယ်၊သူနာပြုတစ်ယောက်ရယ်၊ခြံစောင့်၂ယောက်ရယ် ရှိတယ်"
"အင်းပါ မေမေတို့အဆင်ပြေရင်ပြီးတာပါပဲ"
"အင်း သားမာန် မင်္ဂလာပွဲကနောက်လထဲဆို အမေဘုန်းကြီးကျောင်းမှာရက်သွားရွေးလိုက်မယ်"
"အစကတော့ နောက်လမှလုပ်မလို့ဘဲ ခုကျ စိတ်ပြောင်းသွားလို့ ဒီလပဲလုပ်ချင်တယ်"
"အေးပါကွယ် သားတို့သဘောပါ အမေရက်သွားရွေးပေးထားမယ်"
"ဟုတ်အမေ"
"ဒါဆို သမီးနဲ့သား အဖေတို့ပြန်တော့မယ် မင်းအမေကလဲနေကောင်းခါစဆိုတော့.."
"အာ ဟုတ်တာပေါ့ သမီး မေမေတို့ဆီမကြာခနလာလည်ပါ့မယ်"
"အေးပါကွယ်"
မေမေနဲ့ဖေဖေ့ကို ကိုကိုက ဒရိုင်ဘာနဲ့ပို့ခိုင်းပြီး သွန်းတို့ကတော့ ကုမ္ပဏီကိုသွားရသည်။ပိုင်ခန့်ကို surprise တိုက်ဖို့ကိစ္စကို ကိုကိုကသွန်းနဲ့တိုင်ပင်ထားတာမို့ သွန်းပါ လိုက်သွားဖြစ်သည်။
"ကဲ အားလုံးအစည်းအဝေးခန်းထဲလာခဲ့ကြ"
"ရောက်ပါပြီ သူဌေး"
"ကိုယ်တို့ကုမ္ပဏီရဲ့ productက 2023မှာ best sellerစာရင်း၀င်သွားတာအားလုံးလဲသိပြီးလောက်ပြီပေါ့ အခုလိုအောင်မြင်တာ အားလုံးရဲ့ကြိုးစားအားထုတ်မှုကြောင့်ပါ အဲ့အတွက် အားလုံးကို bonusပေးမည့်အပြင် လစာပါ တိုးပေးမယ့်အကြောင်းအသိပေးတာ"
"ရေးး..."
"ပိုင်ခန့် ခနလာအုံး"
"ဟုတ်"
"ကဲ အားလုံးသူဌေးအသစ်ကို ဂုဏ်ပြုလိုက်ကြရအောင်"
*ရေး ဖောင်း ဖောင်း*
ပိုင်ခန့် တစ်ယောက်ကတော့နားမလည်ပဲ ကြောင်အစွာရပ်နေမိသည်။သူဌေးကပြောပြီးပျောက်သွားသည်။ကျန်တဲ့သူတွေက နှင်းဘူးတွေဖောက်ကာ ဂုဏ်ပြုနေကြသည်။ခနကြာတော့ ဖယောင်းတိုင်ထွန်းထားတဲ့ကိတ်တစ်လုံးနှင့်အတူသူဌေး၀င်လာသည်။
![](https://img.wattpad.com/cover/354297545-288-k436658.jpg)
YOU ARE READING
TOXIC💔
Humorအမေဖြစ်သူကို သတ်ခဲ့တဲ့လူရဲ့ သမီးကို ကလဲ့စားချေဖို့ မိန်းကလေးတစ်ယောက်ကို မချစ်ဘဲလက်ထပ်ခဲ့တဲ့ မာန်သွေးရင့် အဖေဖြစ်သူ လုပ်ခဲ့လား မလုပ်ခဲ့လားတောင်မသိလိုက်ဘဲ လက်စားချေဖို့ လက်ထပ်ခံရတဲ့ မိန်းကလေးငယ်တစ်ယောက်ဖြစ်တဲ့ ...