Part 16

796 25 0
                                    

မှိုင်းညို့ညို့ရာသီဥတုနဲ့အတူ ချစ်ရသူနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်ထွေးပိုက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မှာ ယနေ့မနက်ခင်းရဲ့ သက်၀င်တဲ့ပန်းချီကားတစ်ချပ်ပမာ ၊ အေးစက်သောရာသီဥတုကြောင့် မနက်၈နာရီတောင်ထိုးပီ မနိုးကြသေး၊

ကဗျာသီကတော့ မနက်စောစောကတည်းကနိုးနေတာဖြစ်သည် မနေ့က မာန့်ကိုတွေ့ချင်လို့ပြန်လာပင်မယ့် ပိုင်ခန့်က လုံး၀အတွေ့မခံ၊ ဒီနေ့လဲ မာန်ကခုထိမနိုးသေးပေ

"မကဗျာသီ မနက်စာစားတော့မလားရှင့်"

"ဘာရှိလဲ"

"နန်းကြီးသုပ်ရှိတယ်ရှင့်"

"အင်း ရတယ် စားမယ် နံနံပင်မထည့်ဘူးနော်"

"ဟုတ်ကဲ့"

"မကဗျာသီ စားလို့ရပါပီ"

"ဒါနဲ့ခါတိုင်းဆို မနက်စာက ကော်ဖီလောက်ပဲရှိတာပါ"

"သြော် အမ မသိလို့ပါ သခင်မလေးရှိရင် မုန့်လုပ်စားတယ် ပီးတော့ မနေ့က သခင်မပြန်ရောက်တယ်လေ သခင်မလေးက နန်းကြီးသုပ်အရမ်းကြိုက်တာ"

"ဟမ် ရွှေမှုံသွန်း ပြန်ရောက်နေတယ် ဟုတ်လား"

"ဟုတ်တယ်လေ အမ မသိလိုက်ဘူးထင်တယ် "

"သူက ဆေးရုံမှာမဟုတ်ဘူးလား"

"ဟုတ်တယ်လေ မနေ့ကဆင်းလာတာ"

"မစားတော့ဘူး"

"ရှင် ဘာလို့လဲ မိကြူဘာလုပ်ပေးရမလဲ"

"ရတယ် မာန့်ဆီသွားမလို့"

"အာ"

မာန် ကအဲ့တာကြောင့် ခုထိမနိုးသေးတာလား ဒါဆိုခုချိန်ထိ ဟိုမိန်းမနဲ့အတူအိပ်နေတာပေါ့လေ ကျစ် ဒီမိန်းမက အာရုံပဲ ၊ သီ ဒေါသထွက်ထွက်နဲ့ မာန့်အခန်းတံခါးဖွင့်လိုက်သည် အခန်းကလော့ချမထား မြင်လိုက်ရတာက ကုတင်ပေါ်မှာ တစ်ယောက်ကိုတစ်ယောက်ဖက်အိပ်နေကြတဲ့ သူတို့နှစ်ဦး ၊ မာန်က ဘယ်လိုဖြစ်ပြီး ဒီမိန်းမကို တောက်!!!!

"မာန် မာန် မာန်"

"အင် ကဗျာသီ"

"မာန့်လက်ကဘာဖြစ်တာလဲ သီက စိတ်ပူနေတာ သူ့ကိုရောဘာလို့ဖက်ထားတာလဲ"

TOXIC💔Where stories live. Discover now