မာန် တစ်ယောက် မနက်စောစောစီးစီး နိုးနေတာဖြစ်ပြီး ဘေးနားကလေးမကိုသာအ၀ကြည့်နေလိုက်သည်၊ ဒီကလေးမအပေါ် စိတ်ရိုင်း၀င်ပြီးရက်စက်ခဲ့မိတာတွေကိုပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ်ရွံမိတယ် ကံကောင်းတာ ဒီမိန်းကလေးကခွင့်လွှတ်ပေးတာမို့ စိတ်ချပါ ကိုယ့်အသက်နဲ့ရင်းပီး မင်းကိုကာကွယ်သွားမှာပါ ကလေးငယ်ရယ်၊ သူမလေးကတော့အိပ်ကောင်းတုန်း ဘေးတစ်စောင်းအိပ်နေတာမို့ နှုတ်ခမ်းလေးကရှေ့ကိုစူထွက်နေသည် ဘာဆေးမှမတင်ထားတာတောင် စတော်ဘယ်ရီလုံးလေးလိုရဲနေတာ ကိုက်ပစ်ချင်စရာလေး၊
"အွန် အင်း ၀ှါးးးး"
"နိုးပီလား အိပ်ပုတ်"
"ဟင် ကိုကို ဘာလုပ်နေတာလဲ"
"သဲငယ်ကို ကြည့်နေတာလေ"
"ဘာလို့"
"ချစ်လို့"
"အပိုတွေ"
"တကယ်ပါ အပိုမပြောတတ်ဘူး"
"ထားပါ ဘယ်ချိန်ကတည်းကနိုးနေတာလဲ"
"၅နာရီလောက်က"
"ဟမ် ပြန်မအိပ်ဘူးလား၇နာရီတောင်ထိုးပီ"
"အစကတော့အိပ်မလို့ပဲ ဘေးနားက ကောင်မလေးက အရမ်းတွေချစ်ဖို့ကောင်းနေတော့ မျက်လုံးတွေကမှိတ်မရတော့ဘူး အသဲကိုပဲကြည့်ချင်တာတဲ့"
"မျက်လုံးက အဲ့လိုပြောတတ်လို့လား"
"နှလုံးသားကပြောတာ"
"ဟွန့် လူတတ်ကြီး"
"မွမွ ချစ်လို့"
"ဟာ မျက်နှာမသစ်ရသေးဘူးလေ"
"ဘယ်လိုဖြစ်ဖြစ် ကိုယ်ကချစ်တယ်"
"ကဲ ထ ရုံးသွားရအုံးမှာလေ နောက်ကျနေမယ်"
"ကိုယ်ကbossလေ မေ့နေတာလား"
"မမေ့လို့ပြောနေတာပေါ့ သူဌေးကိုယ်တိုင်က အချိန်ကိုမလေးစားရင် ၀န်ထမ်းတွေက ဘယ်လေးစားမလဲ"
"ဟုတ်ပါပီ သူဌေးကတော်လေးရယ် ဒီနေ့ အသဲလိုက်ခဲ့နော်"
"ဟမ် ဘာလိုက်လုပ်ရမှာ"
"ကိုယ်အသဲနဲ့မခွဲနိုင်လို့"
"အမလေးနော် ပိုနေလိုက်တာများ"
YOU ARE READING
TOXIC💔
Humorအမေဖြစ်သူကို သတ်ခဲ့တဲ့လူရဲ့ သမီးကို ကလဲ့စားချေဖို့ မိန်းကလေးတစ်ယောက်ကို မချစ်ဘဲလက်ထပ်ခဲ့တဲ့ မာန်သွေးရင့် အဖေဖြစ်သူ လုပ်ခဲ့လား မလုပ်ခဲ့လားတောင်မသိလိုက်ဘဲ လက်စားချေဖို့ လက်ထပ်ခံရတဲ့ မိန်းကလေးငယ်တစ်ယောက်ဖြစ်တဲ့ ...