Part 9

554 12 2
                                    

"ဒေါက်တာ သခင်မအခြေအနေက"

"သွေးလိုတယ် ပင်မသွေးကြောနဲ့နီးတဲ့သွေးကြောင်မျှင်ပေါက်သွားတာ "

"ဗျာ သခင်မကဘာသွေးလဲ"

"Aသွေးပါ "

"ဟာ ကျွန်တော်လဲAသွေးပဲဗျ သခင်မလိုအပ်နေတဲ့သွေးကို ကျွန်တော်လှူပါ့ပယ်"

"ဒါဆို အဆင်ပြေတာပေါ့ မဟုတ်ရင် လူနာအတွက်အန္တရာယ်ရှိတယ်"

"ဟုတ်ကဲ့"

ပိုင်ခန့်တစ်ယောက်ကတော့ သခင်မအတွက်ပျာယာတွေခတ်နေသည်။သူ့ရှေ့တင် သခင်မက သူ့လက်သူဓားနဲ့လှီးတာ ခနနေတော့ သွေးတွေအများကြီးထွက်ပီးလဲကျသွားသည်ကို မြင်တွေ့ခဲ့ရတာ သူလဲဘာမှမတတ်နိုင်တဲ့အခြေအနေဖြစ်နေတယ် သခင်မအတွက်တကယ်စိတ်မကောင်းဘူး။

အိမ်မှာ ကျန်ခဲ့မာန်တစ်ယောက်လဲစိတ်ပူနေတာအမှန်ပင်။ဒါပေမဲ့ သူ့မှာမာနကခံနေတော့ သူမကို စိတ်မပူသလိုပဲ ဟန်ဆောင်နေရတာ။

"သားမာန်"

"ဟုတ်"

"ကြီးမြ စကားပြောချင်တယ်"

"ဟုတ် ပြောပါ"

"သွန်းငယ်လေးကို ချစ်လို့ပဲဖြစ်ဖြစ် မချစ်လို့ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေကြောင့်ပဲဖြစ်ဖြစ် ကိုယ်လက်ထပ်ယူထားတဲ့မိန်းမ အပေါ်မှာ သစ္စာရှိသင့်တယ် ပီးတော့ သား သူ့ကိုမမုန်းတာကြီးမြ သိပါတယ် အခုသားလုပ်ရပ်တွေက တစ်ချိန်မှာ သားကိုနောင်တရစေလိမ့်မယ်"

"သား စိတ်မထိန်းနိုင်ခဲ့တာပါ ပီးတော့ သူ့ကိုဖြူဖြူစင်စင်ပဲဖြစ်စေချင်တယ် သူ့က သီ့ အပေါ်မှာ အမြဲလေိုက်မကောင်းကြံနေတာ သူ့အဖေလိုစိတ်ဓာတ်"

"သားရယ် ကိစ္စတိုင်းကိုမြင်အောင်ကြည့်မိလို့လား အမြဲတစ်ယူသန်ပဲလုပ်မနေစမ်းပါနဲ့ အခုကိစ္စမှာ သွန်းလုပ်တာမဟုတ်ခဲ့ဘူး ကြီးမြတို့က ဘယ်သူ့ဘက်ကမှမဟုတ်ပါဘူး သီ့ကိုအနိုင်ကျင့်ရင် ကြီးမြတို့လဲ မခံပါဘူး သီကရော အနိုင်ကျင့်ခံမယ့်မိန်းကလေးလား စဥ်းစားကျိပါ"

"သားမှားသွားပါတယ် ကြီးမြ"

"သွန်းလေးကို ဂရုစိုက်ပေးပါကွယ်"

TOXIC💔Where stories live. Discover now