Part 25

1.1K 14 2
                                        

စိတ်လှုပ်ရှားစရာ ပျော်စရာတွေရှိတဲ့ မနက်ခင်းတစ်ခုဟာရောက်ရှိလာခဲ့ပါပြီ။အခန်းထဲမှာ သတို့သမီးလေးကို အစွမ်းကုန်ခြယ်သပေးနေကြသည်ံ makeup artistများနှင့် designerများ ။တစ်ဖက်တွင်လည်း သတို့သားချောချောလေးက သူရဲ့ သတို့သမီးလေးကို ရင်ခုန်စွာစောင့်မျှော်နေလေရဲ့။

"ကဲ အားလုံးperfectပဲ ကျေနပ်မှုရှိရဲ့လား သတို့သမီး"

"ဟုတ်ကဲ့ ကျေနပ်ပါတယ် အရမ်းလှတယ်"

"သတို့သားမြင်ရင်တော့ အရည်ပျော်တော့မှာပဲ"

"ပြီးပြီလား သမီး အယ် မေမေ့သမီးလေးကလှလိုက်တာ လာမင်္ဂအချိန်နီးနေပြီ"

"ဟုတ်မေမေ"

ခနကြာတော့ သတို့သားဆီသို့ ဖခင်လက်ကိုတွဲပြီးလျှောက်လာတဲ့ သတို့သမီးလေးက အားလုံးရဲ့အာရုံစိုက်မှုကို ခံနေရသည်။ဂါ၀န်အဖြူလေးနဲ့ လှချင်တိုင်းလှနေသော သတို့သမီးလေးကို သတို့သားက အကြည့်တောင်မခွာနိုင်ပေ။

"သားမာန် အဖေ့ရဲ့ သမီးကို သားဆီအပ်ပါတယ်
တကယ်လို့ တစ်ချိန်ချိန်မှာ သူ့ကိုမချစ်တော့ရင်ပဲဖြစ်ဖြစ် မလိုအပ်တော့ရင်ပဲဖြစ်ဖြစ် အဖေ့ဆီကိုပြန်ပို့ပေးပါ"

"သက်ဆုံးတိုင်စောင့်လျှောက်ပါမယ်လို့ ကျွန်တော်ကတိပေးပါတယ်"

"ဟုတ်ပါပြီ"

ဖေဖေ့ မျက်လုံးအိမ်မှာ မျက်ရည်ကြည်လေးများဝေ့နေသည်။ကိုကို့ကိုအပ်ပြီး နေရာမှာပြန်သွားထိုင်သည် ခုမှ ကိုကို့ကိုကြည့်မိတယ် ငိုနေပြန်ပါပြီ။

"ကိုယ့်သတို့သမီးလေးက လှလိုက်တာ"

"မငိုနဲ့လေ ကိုကိုရာ"

"ကိုယ်ပျော်လို့ပါ ခုဆို အသဲက ကိုယ့်အပိုင်ဆိုတာ လူတွေအားလုံးသိသွားပြီလေ "

"ချစ်တယ် ကိုကို"

"ကိုယ်ကပိုချစ်တယ်"

"ကဲ မောင်မာန်သွေးရင့် က ဟောဒီက မရွှေမှုံသွန်းအပေါ်  ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ နာဖျားသည်ဖြစ်စေ၊ သက်ဆုံးတိုင် သစ္စာမပျက်ပဲ ပေါင်းဖက်ပါမယ်လို့ ကတိပြုပါသလား"

TOXIC💔Where stories live. Discover now