Part 28

143 6 2
                                    

"နိုး "

"ကဲ နိုးချင်သေးလား"

"ခစ် ခစ် ခစ် အ့ ယားယယ်"

"နိုးလို့ပြောအုံးလေ"

"ရက်ချ် ရက်ချ် ခစ်ခစ်"

ဒီနေ့က Sundayဖြစ်နေတာကြောင့် ကိုကို ရုံးပိတ်သည်။သားအဖနှစ်ယောက် အိပ်ယာပေါ်မှာ နိုးတွေ ရက်စ် တွေနဲ့ ဘာတွေပြောနေကြလဲမသိ ကိုကိုကသားကို ကလိထိုးနေပီး သားကလဲတခစ်ခစ်ရယ်နေသည်။ဒီနေ့က သားလေးကိုကစားကွင်းလိုက်ပို့မှာမို့ သွန်းက အစောကြီးထပီး အားလုံးအဆင်သင့်ဖြစ်နေအောင် ကိုယ်တိုင်ပြင်ဆင်နေတာဖြစ်သည်။

"ကဲ သားအဖတွေ ရေချိုးကြ နေပူနေမယ် ခုကို၁၀နာရီခွဲနေပီ"

"မိန်းမ ဘယ်သွားမလို့လဲ ကိုယ့်ကို morning kissလေးတောင်မပေးတော့ဘူးလား"

"ရှင်ဘယ်လိုဖြစ်နေလဲ သားရှေ့မှာ"

"မေမေ့ ကစ် ကစ်"

"သားမေမေက မနမ်းဘူးတဲ့"

"ဟင့် ဒယ့်ဒယ့်တို ကစ်"

"မွ "

"ဟီး တားတား ကစ်"

"အော် သားလေးကိုလဲ နမ်းမှာပေါ့ မွမွ"

"ကဲ ရေချိုးတော့ မေမေစောင့်နေမယ်နော်မြန်မြန်ချိုးကြ"

"ဟုတ်"

ခနကြာတော့ သားတို့ရေချိုးခန်းထဲက ထွက်လာသည်။ထွက်လာမှဘဲ မဟုတ်ရင် သူတို့ကိုအော်ရလို့ ကျွန်မအသံတွေပျက်တော့မယ် တကယ့်သားအဖတွေပါ တွေ့လိုက်တာနဲ့ တဟီးဟီး တဟားဟားနဲ့ ဘာလုပ်လုပ်မပီးနိုင်ဘူး။

"ကဲ သားလာ ရေသုတ်ပေးမယ်"

"ကိုယ်ကရော"

"ကဲလာပါရှင် နှစ်ယောက်လုံးကိုရေသုတ်ပေးမယ်"

"ဒါကိုယ်၀တ်ဖို့လား"

"ဟုတ်တယ်လေ မကြိုက်လို့လား"

"ကြိုက်တာပေါ့ ကိုယ့်မိန်းမရွေးပေးတာပဲဟာ မကြိုက်ပဲနေမလား"

"အဲ့ဆိုလဲမြန်မြန်၀တ် သားကအကုန်ပြီးနေပြီ"

"သားကို မိန်းမက ၀တ်ပေးတာလေ ကိုယ့်ကိုကျ ဘယ်သူမှ မှ၀တ်မပေးတာ"

TOXIC💔Where stories live. Discover now