အမေဖြစ်သူကို ကျောင်းကပြန်လာလာချင်း သွေးအိုင်ထဲမှာတွေ့လိုက်ရတဲ့ ၅တန်းကျောင်းသားလေးတစ်ယောက် အမေဖြစ်သူဘေးမှာ ဓားကိုင်းထားတဲ့လူတစ်ယောက်က သူမလုပ်ပါဘူးဆိုတာကိုအကြောက်အကန်ငြင်းနေလေရဲ့။
"ကြီးမြ ကြီးမြ ဦးထူး ဘယ်တွေရောက်နေကြတာလဲ"
"သ..သခင်လေး ဦးသတ်တာမဟုတ်ပါဘူး သ..သခင်မကြီးကို ဦး မ..မသတ်ဘူး တ..တကယ်ပါ"
"ဟာ ခင်များကြီး မသတ်ဘူးဆိုဘာလို့ဓားကခင်များလက်ထဲရောက်နေတာလဲ "
"တ..တကယ်ပါ"
"အမေ အမေ သားပြန်လာပီ ထပါအုံး အမေ အီးဟီး ထပါအုံးဗျာ ဟင့် လုပ်ကြပါအုံး ကျွန်တော့်အမေကို ကယ်ပေးကြပါဗျာ အီးဟီး"
ခါတိုင်းဆို စံအိမ်ထဲမှာ လူအပြည့် အခုအဲ့လူတွေက ဘယ်တွေရောက်နေတာလဲ ။အဖေလဲမရှိဘူး အဖေမသိသေးဘူးထင်တယ်။ အမေဖြစ်သူရဲ့အလောင်းရှေ့မှာ သွေးပျက်ပီးထိုင်နေစဥ် မိန်းမတစ်ယောက်နဲ့အဖေက ပျော်ပါးပီး၀င်လာတယ်လေ။
"ကိုကြီးကို အဲ့တာကြောင့် ချစ်တာ ဟီးဟီး"
"ဟင် သား ဟာ ချယ် ချယ် သား မင်းအမေဘာဖြစ်တာလဲ"
"ဘာကိုခုမှဘာဖြစ်တာလဲ အဟက် ခင်များကတော့ အပြင်မှာအဲ့လိုအပျက်မနဲ့သာယာနေတယ်ပေါ့ ကျုပ်အမေကသေပီ ခင်များပျော်လား ဟမ် ပျော်လား ဦးမာန်သစ် ပြောပါအုံး ခုခင်များ
ဖြစ်စေချင်သလိုဖြစ်သွားပီ အမေသေပီဗျ"အပြင်မှာ ခနခနအပျော်ရှာမိတာမှန်ပါသည်။ချယ့်ကိုတော့ အမြဲချစ်ပါတယ် အမြဲတမ်းခွင့်လွှတ်နားလည်ပေးတဲ့ ချယ်က ခုဘယ်လိုဖြစ်သွားတာလဲ။
"ချယ် ချယ် မင်း မြင့်မိုရ် မင်း ငါ့မိန်းမကိုသတ်လိုက်တာပေါ့ ဟုတ်လား ဟမ် မင်း"
"မ ..မဟုတ်ပါဘူး သခင်ကြီး တကယ်ပါ ကျွန် ..ကျွန်တော် မသတ်ပါဘူး"
"အဲ့တာခင်များကြီးကြောင့် ဒီလူက အကွက်ကျကျစီစဥ်ပီး အမေ့ကိုသတ်တာ ခုစံအိမ်ထဲကလူတွေလဲ အကုန်ဆေးမိပီး မေ့နေကြတာ ခင်များကအပျော်တွေလွန်နေတော့ ဘယ်သိမလဲ အဟက်"
"သား အဖေတောင်းပန်ပါတယ် အဖေ ချယ့်ကိုတကယ်ချစ်..."
ခွမ်း!
"ဘာကိုတကယ်ချစ်တာလဲ တကယ်ချစ်ရင် သစ္စာမဖောက်ဘူး ခင်များက သိပ်တော်သိပ်တတ်နေတယ်ပေါ့ ဦးမာန်သစ် ငွေရှာပေးရုံနဲ့ ယောက်ျားတာ၀န်ကျေပီပေါ့ ဟုတ်လား "
သွားပီ သားက သူ့ကိုမုန်းသွားပီ သူ့လုပ်ရပ်တွေကြောင့် ဒီအရွယ်လေးက ပန်းအိုးတွေရိုက်ခွဲပီး အသားတွေတဆက်ဆက်တုန်တဲ့အထိ ဒေါသတွေထွက်နေလိုက်တာများ သားရယ်
"ကျုပ် ခင်များနဲ့မနေဘူး အဖွားနဲ့သွားနေမယ် ဟိုလူနဲ့ခင်များကို လက်စားချေဖို့ ကျုပ်ပြန်လာခဲ့မယ်"
"သား သား သားလေး"
******
အများကြီးကြိုးစားပါမယ်နော် ဖတ်ပေးကြပါအုံးရှင့် ။သူများလိုအရေးအသားကတော့ မကောင်းလို့ တောင်းပန်ပါတယ်နော်🥺
😘Thanks for reading😘
YOU ARE READING
TOXIC💔
Humorအမေဖြစ်သူကို သတ်ခဲ့တဲ့လူရဲ့ သမီးကို ကလဲ့စားချေဖို့ မိန်းကလေးတစ်ယောက်ကို မချစ်ဘဲလက်ထပ်ခဲ့တဲ့ မာန်သွေးရင့် အဖေဖြစ်သူ လုပ်ခဲ့လား မလုပ်ခဲ့လားတောင်မသိလိုက်ဘဲ လက်စားချေဖို့ လက်ထပ်ခံရတဲ့ မိန်းကလေးငယ်တစ်ယောက်ဖြစ်တဲ့ ...