"ဟဲ့ ဇာလီ ငါလေ သွန်းဆီသွားမလို့ နင်လိုက်မှာလား"
"လိုက်မှာပေါ့ နင်သာသစ္စာဖောက်ပီး ငါ့ကိုခေါ်မသွားတာ"
"မဟုတ်ပါဘူးဟာ ငါလေအဲ့မှာလူတစ်ယောက်တွေ့ခဲ့တယ်သိလား"
"ဟုတ်လား နင်Crushသွားတာတော့မဟုတ်ပါဘူးနော်"
"ငါ ငါ မသိဘူး သူ့ကိုမြင်မြင်ချင်း ရင်တွေအရမ်းခုန်တယ် ပီးတော့ သူ့မျက်နှာပဲခုထိပြန်မြင်နေတယ်"
"အမယ် မိန်းမနော် ဇွတ်ပဲ အဲ့တာအချစ်ဟဲ့"
"သူက သွန်း ကိုကိုရဲ့လက်အောက်ကဟ ငါနဲနဲတော့ကြောက်တယ်"
"ကြောက်မနေနဲ့ အဲ့လူရမ်းကားလိုတော့ ဘယ်သူမှအသည်းမမာနိုင်ဘူး"
"သင်တန်းပီးရင် သွားကြမယ်လေ"
"အင်းအင်း"
*******
မနေ့ညက သနားလို့အိပ်ယာပေါ်သွားအိပ်ခိုင်းလိုက်မိတာ ခုထိတောင်နိုးမလာဘူး ။ဆိုဖာပေါ်အိပ်ရတာ တော်တော်ကောင်းတာပဲ စိတိပျက်ဖို့။ဆက်လဲအိပ်မပျော်တော့တာမို့ ရေချိုးတာပဲကောင်းမယ်။ရေချိုးခန်း၀င်မလို့ကို သူမအနားကို ဘာဖြစ်လို့သွားချင်နေမှန်းမသိဘူး။
အိပ်နေလိုက်တာများ ဘာမှကိုမသိရှာဘူး ပါးလေးကဆွဲကိုက်ချင်စရာ ဖောင်းအိနေရော အိပ်နေတာတောင် လှနေတာပဲ အဟွန်း မာန်ပြုံးလိုက်မိသည် ဘာလို့မှန်းမသိ သူမနဲ့တွေ့ရင် မာန့်စိတ်တွေထွေးပြားလာသည် သီနဲ့တောင် ဘယ်လိုမှမနေတဲ့ သူက ခုဘာတွေဖြစ်နေမှန်းမသိပါဘူး။
"အွန်း အင် ဟား"
သွန်း ညကအိပ်ရတာ အရမ်းသက်တောင့်သက်သာရှိတာမို့ ဘယ်လိုတောင်အိပ်မိသွားလဲမသိ ၁၁ တောင်ထိုးနေပီ ဟိုလူဒီနေ့တော့ ငါ့ကိုနိုးမသွားပါလား။
ring ring ring
"ဟယ်လို"
"သွန်း ငါတို့နင့်အိမ်ရှေ့ရောက်နေပီ"
"ဟမ် ငါလာခဲ့မယ်နော်"
"သွန်းး"
"ဟင့် "
သူငယ်ချင်း၂ယောက်စလုံးက သူ့ကိုဘယ်လောက်ချစ်လိုက်သလဲ ခုချိန်ထိ သူရှိတဲ့အရပ်ကို လိုက်လာတုန်း သူတို့ကိုတွေ့ရင် မျက်ရည်ကအလိုလိုကျလာရော။
YOU ARE READING
TOXIC💔
Humorအမေဖြစ်သူကို သတ်ခဲ့တဲ့လူရဲ့ သမီးကို ကလဲ့စားချေဖို့ မိန်းကလေးတစ်ယောက်ကို မချစ်ဘဲလက်ထပ်ခဲ့တဲ့ မာန်သွေးရင့် အဖေဖြစ်သူ လုပ်ခဲ့လား မလုပ်ခဲ့လားတောင်မသိလိုက်ဘဲ လက်စားချေဖို့ လက်ထပ်ခံရတဲ့ မိန်းကလေးငယ်တစ်ယောက်ဖြစ်တဲ့ ...