"ဟင် သား....."
"ဖေဖေ ဘာတွေပြောနေတာလဲဟင် နေကောင်းရဲ့လား သူက ဖေဖေ့သမက်ရဲ့ မွေးစားညီပါ"
"သမီး အဲ့ အဲ့တာ သမီးရဲ့မောင်လေးပဲ"
"ရှင်"
မဖြစ်နိုင်တာ မောင်လေးက အခုဆို၁၅နှစ်လောက်ပဲရှိအုံးမှာ ပိုင်ခန့်က ခုအသက်၂၀ နောက်ပီးဘာလို့ပိုင်ခန့်ကို ဖေဖေက ခုလိုပြောရတာလဲ၊
သားတဲ့လား မဖြစ်နိုင်တာ အဖေကသေသွားပီလို့ငါသိခဲ့ရတာ ပီးတော့ အဖေ့ကိုဓာတ်ပုံထဲမှာတစ်ခါမြင်ဖူးပေမယ့် ဒီလူမှမဟုတ်တာ တခုခုမှားနေတာဖြစ်မယ်၊
"သား သားလေး အဖေ့ကိုခွင့်လွှတ်ပါကွာ အဖေအသုံးမကျလို့ သားလေးကိုမကာကွယ်နိုင်ခဲ့တာ"
"ဖေဖေ သူကတကယ်သမီးမောင်လေးလား ပီးတော့ဖေဖေကဘယ်လို"
"အားလုံးက ဦးမြတ်ကျော်ကြောင့်ပဲ "
"သမီးနားမလည်ဘူးဖေဖေ"
"သမီးမောင်လေး မွေးပီးပီးချင်း၂ရက်အကြာမှာ သားလေးကိုခိုးသွားခဲ့တာ ပီးတော့သားလေးရှာမတွေ့တော့ဘူး သမီးမေမေကသမီးမသိအောင် အဖေ့ဆီမှာလာငိုခဲ့တာ မြတ်ကျော်ဆိုတာ အဖေ့သူငယ်ချင်းအရင်းကြီး သူနဲ့အဖေ့ကြားမှာ မနာလိုမှုဆိုတဲ့အရာက အဖေတို့မိသားစုကိုခုလိုဖြစ်သွားခဲ့တာပဲ"
"ဦးမြင့်မိုရ် ဧည့်တွေ့ချိန်ပြည့်ပြီ"
"သားမမကို ဂရုစိုက်နော်"
"ဟုတ်ကဲ့ပါ အ အဖေ"
သူပြောချင်တာတွေ ပြောသွားတဲ့သခင်မ အဖေကိုကြည့်ပီး ရင်ထဲမကောင်းပါ သားဖြစ်သူကိုဘယ်လောက်တွယ်တာနေလဲဆိုတာ အရမ်းသိသာတယ် ဘာပဲဖြစ်ဖြစ် သူစိတ်ချမ်းသာအောင်ရော ၊ အဖေလို့ မခေါ်ဘူးတာကြောင့် အဖေ လို့ခေါ်လိုက်သည်၊ ဘာလို့ရယ်မသိ အဖေအရင်းမဟုတ်တာတောင် ရင်ထဲမှာနွေးထွေးလုံခြုံသွားသလို ခံစားရသည်၊ မိဘမေတ္တာဆိုတာ ဒါများလား...
*********
"ပိုင်ခန့် "
"ဟုတ်ကဲ့ပါ သခင်မ"
"မင်းအသက်ကဘယ်လောက်"
"၂၀ပါ"
"မင်းက ငါ့မောင်လေးမဖြစ်နိုင်ဘူး ငါ့မောင်လေးကငါ့ထက်၇နှစ်ငယ်တယ် "
![](https://img.wattpad.com/cover/354297545-288-k436658.jpg)
YOU ARE READING
TOXIC💔
Humorအမေဖြစ်သူကို သတ်ခဲ့တဲ့လူရဲ့ သမီးကို ကလဲ့စားချေဖို့ မိန်းကလေးတစ်ယောက်ကို မချစ်ဘဲလက်ထပ်ခဲ့တဲ့ မာန်သွေးရင့် အဖေဖြစ်သူ လုပ်ခဲ့လား မလုပ်ခဲ့လားတောင်မသိလိုက်ဘဲ လက်စားချေဖို့ လက်ထပ်ခံရတဲ့ မိန်းကလေးငယ်တစ်ယောက်ဖြစ်တဲ့ ...