Part 23

283 10 2
                                    

"ဟယ်လို ဖေဖေ"

"အေး သမီး ဖေဖေပို့လိုက်တဲ့ဆေးရောက်ပီမလား"

"ဖေဖေ မာန်ကအရမ်းထူးဆန်းနေတယ်"

"ဟင် ဘယ်လိုထူးဆန်းတာလဲ"

"မာန်က ရုတ်တရက်ကြီးသူ့မိန်းမကိုလက်ထပ်ခွင့်တောင်းတယ် ပြီးတော့ မာန့်ပုံစံက အရမ်းကိုတည်ငြိမ်နေတယ်"

"ဟုတ်လား သူ့ကိုဆေးမတိုက်ဘူးလား"

"ဆေးကုန်ကတည်းကမတိုက်ရတာဖေဖေ ညကတိုက်မလို့အချိန်မရတော့လို့ ဒီနေ့တော့ထ#၊ မဖြစ်ပါဘူး ဆေးကိုမပြတ်အောင်တိုက်ရမယ်၊မာန် နိုးပီလားမသိဘူး။

********

"သဲငယ် ထတော့လေ"

"အင်းပါ ကိုကိုကလဲ သဲငယ်ကနိုးနေပါပြီ မထချင်သေးလို့"

"ဟော ငပျင်းမလေး ထတော့ သွားစရာရှိတယ် လှလှလေးပြင်ခဲ့"

"ဟုတ်ကဲ့"

"အဟွန်း   လိမ်မာလိုက်တာ ကိုယ့်သည်းလေးက"

ဒီကလေးမအပေါ်  လုပ်ခဲ့တဲ့လုပ်ရက်တွေက လူမဆန်မှန်း ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကိုမုန်းသည်။အဲ့လိုလူမဆန်အောင် ကလဲ့စားချေဖို့ဆိုတဲ့အတွေးကို ခေါင်းထဲရိုက်ထည့်ပေးပြီး စိတ်ကိုထုံထိုင်းစေတဲ့အပြင်းစားမူးယစ်ဆေးတွေကို တိုက်နေတဲ့ ကဗျာသီတို့သားအဖကို ပိုပြီးဒေါသထွက်သည် တွေးမိတိုင်း သူတို့ကိုသတ်ပစ်ချင်ပေမယ့် ကလေးမက တားထားတာကြောင့် ဘာမှမလုပ်တာ။မသေရင်တောင် သူတို့လုပ်ထားတဲ့အရာတွေ သူတို့ကိုပြန်ခံစားစေရမယ် အတုံ့အလှည့်ပေါ့။

*ဒေါက် ဒေါက် ဒေါက်*

"၀င်ခဲ့"

"မာန် နိုးနေပြီပေါ့ သီက မာန်မနိုးသေးဘူးထင်နေတာ"

"အင်း နိုးနေပါပြီ"

"မနက်စာမစားရသေးဘူးလား"

"ဆေးသောက်ရအောင်လေ"

"ဟုတ်သားပဲမေ့နေတာ စားပြီးမှဆေးသောက်မယ်လေ"

"အင်း သီ ကိုယ်တိုင်တိုက်မယ်နော်"

"ဟုတ်ပါပီ အောက်ထပ်ကစောင့်လေ"

"အင်း"

*ring ring ring*

"ပြော"

"သူဌေး တွေ့ပြီးပြီလား"

TOXIC💔Nơi câu chuyện tồn tại. Hãy khám phá bây giờ